Skip to main content

NUG ရဲ့ အနေအထား။

NUG ရဲ့ အနေအထား။

NUG ဟာယခုအချိန်ထိ လူထုထောက်ခံမှုကို ရနေတယ်ဆိုပေမဲ့ ယုံကြည်အားကိုးမှုတွေ ကျဆင်း လာနေတာတော့ မငြင်းနိုင်တဲ့အချက်တွေပါပဲ၊ အားမနာတမ်းပြောရရင် သမတက D day ခေါ်ပြီး ERO တွေနဲ့ သူတို့လက်အောက်မှာရှိတဲ့ PDF က မတိုက်တာ၊ PDFတွေကို လက်နက် မတပ်ဆင်နိုင်သေးတဲ့ အချိန်မှာ ဘာကြောင့် ဒီလို D day ခေါ်ရသလဲ၊ ဘယ်သူတွေက ခေါ်ခိုင်းတာလဲ ဒါတွေက တချိန်မှာ ရှင်းပြဖို့လိုတယ်။ အဆင်သင့်လဲမဖြစ်သေး လက်နက်ကို မိမိ PDF တွေကို မတပ်ဆင်နိုင်သေးလဲ၊ ဒီလိုသိက္ခာကျစေမှုကို ဘယ်သူတွေက ဂျောက်တွန်းခဲ့တယ် အကြံပေး လုပ်ခိုင်းသလဲဆိုတာ သိဖို့ လိုတယ်။ တချိန်မှာ သမတကိုယ်တိုင် ရှင်းပြနိုင်ဖို့ လိုတယ်။ ဒီအချက်ဟာ ပထမဦးဆုံး Impression သိက္ခာကျစေမှု လို့မြင်တယ်။ ။ 
နောက်တချက်က NUG ဟာ တော်လှန်ရေးအစိုးရ ဖြစ်တယ်။ ဒါကြောင့် လက်နက်ကိုင်တော်လှန်ရေး အောင်မြင်အောင် ဇောက်ချလုပ်ရမှာ ဖြစ်တာကြောင့် မိမိတပ်တွေကို လက်နက် တပ်ဆင်နိုင်ရမယ်။ အားလုံးကို မတပ်ဆင်နိုင်သေးရင်တောင် အထူးကွန်မင်ဒိုတပ်ဖွဲ့ကို ပထမဦးစွာ ကျစ်လစ်စွာ ဖွဲ့စည်းပြီး အဲဒီအုပ်စုကို အပြည့်အစုံတပ်ဆင်နိုင်ရမယ်။ လူ ၃၀၀ ကို သင်တန်းတက်နေတဲ့ သူတွေထဲက အမာဆုံး အတော်ဆုံးတွေကို ရွေးချယ်ပြီး အဲဒီလိုလက်ရွေးစင် တပ်ဖွဲ့မျိုးနဲ့ စတင်ပြီး ပျောက်ကျားစစ်ကို ဆင်နွဲရမှာကို တနှစ်ကာလရောက်လာတဲ့အထိ လုပ်မပြနိုင်ခဲ့ဘူး။ ပြည်သူတွေက ငွေကြေး ပုံပေးကြတယ်။ ဒါပေမဲ့ NUG အောက် PDF တွေကို မေးလိုက်တိုင်း လက်နက်မရှိဘူး ဆိုတာ ပြည်သူတွေသိလာတဲ့အခါ မိမိနဲ့ နီးစပ်ရာ လူငယ်တွေကို တိုက်ရိုက်ဝယ်ပေးလာကြတယ်။ PDF တွေကလည်း တိုက်ရိုက်တောင်းလာတယ်၊ သူတို့ကိုလည်း အပစ်မဆိုသာဘူး စစ်သင်တန်းဆင်းပြီး ထိုင်မနေချင်ဘူး အောင်ပွဲအတွက် တိုက်ချင်ကြတယ်။ ဒီလို တောင်းနေတာကို NUG က ကိုယ်ကလည်း မပေးနိုင်တော့ မတားရဲဘူး။ 
နောက်တခုက တကယ့်မြေပြင်မှာ တိုက်နေတဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ ဖြစ်တဲ့ LDF တွေနဲ့ NUG လက်အောက်ခံ LPDF ပကဖ တွေကလည်း သူတို့ကို ကာကွယ်ရေးဝန်ကြီးဌာနက လက်နက်လုံးဝ မပေးဘူးလို့ ပြောလာကြတဲ့အတွက် ပြည်သူတွေက အောက်ခြေ အဖွဲ့အစည်းတွေထဲက သူတို့နဲ့ ချိတ်ဆက်မိတဲ့အဖွဲ့လေးတွေကို တိုက်ရိုက်ပေးလာလို့ ဒီအဖွဲ့လေးတွေမှာ လက်နက်တွေ ရလာတယ်၊ ကယားမှာဆိုရင် ပြည်သူတွေက တိုက်ရိုက် လှူဒါန်းလို့ရလာတဲ့ လက်နက်တွေနဲ့ စကစတွေကို သူတင်ကိုယ်တင် တိုက်နိုင်စွမ်းတွေ ရှိလာခဲ့တယ် အောင်ပွဲတွေလည်း ရလာခဲ့တယ်။ မကြာသေးမီက မြေပြင်ကနေ ကျနော်ကို တိုက်ရိုက်ပြောပြလာတဲ့အချက်အလက်များအရ ပအဖအောက်က ပကဖတွေကိုတော့ ထောက်ပံ့ပေးတယ်လို့တော့ သိထားရတာလဲရှိပါတယ်။ 
ဒါကို NUG ဝန်ကြီး ဒေါက်တာတူးခေါင်က သူတို့ကို တိုက်ရိုက်မလှူတဲ့အတွက် NUG မှာ ဝင်ငွေဟောင်းလောင်း ဖြစ်နေပြီလို့ ဆိုလာတယ်။ သူတို့ရရှိလာတဲ့ ဒေါ်လာ သန်း၃၀ ကျော်ထဲက ၂ သန်း ၃ သန်းလောက်ကို လက်နက်တွေ ထိထိရောက်ရောက် ဆင်ခဲ့ရင် ဒီအဖြစ်မျိုး မရောက်ဘူး။ နောက်ပိုင်းပေးလာတော့ ယင်းမာပင်ကလို အကြမ်းဖက်အဖွဲ့လိုမျိုးကို ပုံပေးလိုက်တော့ ထိန်းမနိုင်တဲ့ ပြဿနာဖြစ်တာ အပြောက Chain of Command  အလုပ်က ဒေသခံပကဖတွေ အားလုံးကို ချပြပြီး ဘယ်အစုကို ဘယ်လိုပေးရမယ်လို့ ညီညီမျှမျှ ညွှန်ကြားချက်မပါဘဲ တစုတဖွဲ့ထဲကို ပေးလိုက်တာကြောင့် ဒေသကိုတယောက်ထဲ စိုးမိုးဗိုလ်ကျတဲ့ ပြဿနာ ဖြစ်လာတာ။ ဗိုလ်သံမဏိကလည်း ကာဝန်ကသူ့ကို တိုက်ရိုက်ပေးတာ ခွဲပေးဖို့မပါဘူးလို့ ပြောထားတာကြောင့် ကာဝန်မှာ ဖြေရှင်းရမဲ့ တာဝန်ရှိလာတယ်။ ဒီကိစ္စကို ကာဝန်က ထိထိရောက်ရောက် ဖြေရှင်းမပေးရင် MOD သာမဟုတ် NUG အစိုးရတရပ်လုံးကို ထိခိုက်လာမဲ့ သဘောရှိတယ်။ 

ကာကွယ်ရေးဝန်ကြီးဌာနက တော်လှန်ရေးမှာ အရေးအကြီးဆုံး နံပါတ်တစ်ဌာနလို့ ပြောရင်ရတယ်၊ ဝန်ကြီးဖြစ်သူက ရံပုံငွေရဲ့ ၈၀ ရာခိုင်နှုန်းလောက်ကို သုံးထားပြီး ဖြစ်တယ်လို့ ဆိုတယ်။ ဒါပေမဲ့တပ်တွေမှာ လက်နက်က လောက်လောက် လားလားမရဘူး၊ မြေပြင်မှာတိုက်ပွဲဝင်နေတဲ့ ဒေသခံ LDF တွေကို ဘာထောက်ပံ့မှုမှမပေးဘဲ မိမိအောက်ဝင်မှ ပေးမယ်လို့ တင်းထားတယ်။ မြေပြင်အဖွဲ့တွေ ဝင်လာဖို့မပြောနဲ့ သူတို့လက်နက် အပြည့်အဝ ပုံပေးထားတဲ့ ယင်းမာပင်ဗိုလ်သံမဏိလို တပ်ဖွဲ့ပြဿနာပေါ်လာတော့ ကာဝန်ဌာနက သူတို့လက်အောက်မရောက်သေးဘူးလို့ ဖြစ်လာပြန်တယ်။ သူတို့ယုံကြည်လို့ လက်နက်အများဆုံး ပေးထားတဲ့ ယင်းမာပင်အဖွဲ့တောင် လက်နက်တွေရတာ ၆ လကျော် ကြာနေတာတောင် သူတို့အဖွဲ့ဝင် မဖြစ်သေးဘူးဆိုတော့ ဘယ်လိုကြိုးနီစနစ်တွေက ဒေသခံကာကွယ်ရေးအဖွဲ့တွေ အဖွဲ့ဝင် ဖြစ်လာဖို့ တရားဝင် သူတို့အောက် ရောက်ဖို့ ဘယ်လို အခက်ခဲတွေရှိနေလဲ။ မြေပြင်က LPDF တွေကလည်း သူတို့ MOD ဆီကို လျှောက်ထားပေမဲ့ အခုအချိန်ထိ ဘာသံမှ မကြားရဘူးလို့ ပြောနေကြတာ တဖွဲ့ နှစ်ဖွဲ့မကပါဘူး အများစုပါ။ ဘာကြောင့် သူတို့က MOD အောက်ကို ဝင်ချင်နေပြီး MOD က ဘာကြောင့် အခုထိ လက်မခံနိုင်သေးတာ ပြန်လည် မဆက်သွယ်သေးတာလဲ။ 
သူတို့က MOD အောက်ဝင်ချင်နေတာ ပြည်သူက ထောက်ခံထားတဲ့ လွှတ်တော်ကနေ ဖွဲ့စည်းပေးလိုက်တဲ့ အစိုးရ ဖြစ်နေတဲ့အတွက် မဝင်ရင် သူတို့ကို ထောက်ပံ့မှုတွေမရမှာ စိုးရိမ်လို့ပါ။ တကယ်ဝင်ချင်လို့လည်း ဟုတ်ချင်မှဟုတ်မယ် တကယ်လက်နက်တွေ ပေးလာမယ်ဆိုရင်တော့ ယုံယုံကြည်ကြည်ဝင်ကြမယ်လို့ ယူဆတယ်။ 

MOD က ဘာကြောင့် အခုထိ လက်မခံနိုင်သေးတာလဲ ဆိုတာကတော့ သူတို့လက်ခံလိုက်ရင် သူတို့ တာဝန်ခံရတော့မယ် လိုအပ်တာတွေ ပေးရတော့မယ်။ ဒါကြောင့် ဒီဝန်ကိုထမ်းရမှာ ကြောက်တဲ့အတွက် ရှောင်နေတာ ဖြစ်နိုင်တယ်။ ၊ ဒီယူဆချက်က မှန်တယ်လို့ မဆိုလိုဘူး။ ဖြစ်နိုင်ခြေကို တွေးပြီးပြောတာ။ ကာဝန်က တနိုင်ငံလုံးက ကာကွယ်ရေးအဖွဲ့တွေနဲ့ ၉၀ ရာနှုန်းချိတ်ဆက်ထားပြီးပြီလို့ မကြာသေးခင်က ပြောတယ်။ ဝမ်းသာစရာပါ။ ဒါပေမဲ့ အများစုက သူတို့ ဆက်သွယ် ထားပေမဲ့ ပြန်လည် ပြောကြား ဆက်သွယ်မှုတွေ အခုထိ မရသေးဘူးလို့ ဆိုထားတော့ ဘာကြောင့် ဝိရောဓိဖြစ်နေလဲဆိုတာ ရှင်းလင်းစွာ ပြောကြား ဖြေရှင်းသင့်တယ်။ လျှောက်ထားရဲ့ သားနဲ့ဘာကြောင့် လက်မခံသေးတာလဲ။ ဘာကြောင့်ကြန့်ကြာ နေတာလဲ စသည်ဖြင့်ပေါ့။ ဒီနေရာမှာ ဒေသခံ LDF တွေ လျှောက်ထားမှုကို အကြောင်းပြုပြီး သူတို့အောက်ကို ဝင်လာပြီလို့ ပြောလိုက်တာလား။ လျှောက်ထားမှုကို တရားဝင် လက်မခံသေးဘဲနဲ့ ကြွားသလို ထုတ်ပြောတာဆိုရင်တော့ မကောင်းဘူး။ 
အခုဖြစ်နေတာက ဒေသခံ LDF တွေက သူတို့ဖာသာ သူတို့တိုက်၊ သူတို့ဖာသာ သူတို့ရန်ပုံငွေ ရှာဖွေ သူတို့ဖာသာ လမ်းကြောင်းရှာပြီး လက်နက်ခဲယမ်း ဝယ်နေရပေမဲ့ NUG ကို သူတို့ အစိုးရအဖြစ် လက်ခံထားတယ်။ NUG အောက်က MOD ကို မဝင်ရင် ပြည်သူ့အစိုးရကို မထောက်ခံဘူးဆိုတဲ့ အမည်တပ်ခံရရင် ကူညီသူတွေကလည်း အညိုအငြင်ခံရမှာစိုးလို့ ဆက်မထောက်ပံ့ရင် သူတို့ဆက်တိုက်ပွဲ မဝင်နိုင်မှာကိုစိုးတဲ့အတွက် ထောက်ခံလာရတယ်။ ဒီလိုကိုယ့်အောက်ကို ဝင်မှရမယ် ဆိုတဲ့နေရာမှာ ဒေသခံအဖွဲ့တွေအနေနဲ့ သူတို့အဖွဲ့ဝင်တွေကို လုံခြုံရေးအရ အမည်နဲ့တကွ စာရင်း မပေးနိုင် ကြပါဘူး။ နှစ်နှစ်စာချုပ်လည်း မချုပ်နိုင်ပါဘူး၊ သူတို့လုပ်နိုင်တာက တော်လှန်ရေးပြီးရင် ကိုယ့်အသက် မွေးဝမ်းကြောင်း အလုပ်ကို ပြန်လုပ်မယ်ဆိုတဲ့ ဂတိပါပဲ။ ဒီအခက်အခဲကို MOD က ဘယ်လို ဖြေလျော့ပြီး လက်ခံမလဲဆိုတာ အရေးကြီး ပါတယ်။ MOD က ဒီလိုလက်မခံနိုင်တာ လူအင်အား မရှိလို့လား၊ ဒါမှမဟုတ်ပြောခဲ့သလို တာဝန်ခံရမှာ လက်တွန့် နေလို့လား။ သူတို့အနေနဲ့ လက်ရှိမှာလျှောက်ထားလာတဲ့ အဖွဲ့တွေကို စိစစ်ပြီးအမြန်ဆုံး လက်ခံသင့်တယ် မထောက်ပံ့နိုင်လို့ လက်မခံပဲ အချိန်ဆွဲထားတယ်ဆိုတာ တာဝန်မဲ့ရာကျသလို သတ္တိနဲရာလည်းကျတယ်။ 

ဒီနေရာမှာ ဗိုက်အောင်ဝင်လာတဲ့အဖွဲ့တွေကို ပွင့်ပွင့်လင်းလင်းရှင်းပြပြီး သူတို့ခေါင်းဆောင်တွေစာရင်းနဲ့ သူတို့အဖွဲ့ဝင် စာရင်းကို အမည်ရင်းနဲ့ မဟုတ်ဘဲ ဒေသနံပါတ်နဲ့ စာရင်းပေးတဲ့ စနစ်ကိုလုပ်ရင် ဘာမှမခက်ဘူး။ ဥပမာ တိုက်ဂါးအဖွဲ့ဆိုရင် ခေါင်းဆောင်က တိုက်ဂါးတစ် ကျန် လူတွေက ၁၀၀ ရှိရင် အစဉ်အတိုင်း ကိုယ်နံပါတ်ပေးလိုက်။ ဒီလူတွေ နံပါတ်စဉ်လိုက် ဘယ်သူဆိုတာ သူတို့ခေါင်းဆောင်ဆီမှာ ရှိရင်ပြီးတာပဲ။ မုံရွာမှာ ဘယ်နှစ်ဖွဲ့ရှိသလဲ ၁၀ ဖွဲ့ရှိရင် ၁၀ ဖွဲ့ခေါင်းဆောင်တွေကို ကိုယ်က ဦးစီးပြီး အဖွဲ့ကြီးငယ် နီးစပ်ရာနယ်မြေတွေကိုတွဲ ပေးလိုက်ရင် လိုချင်တဲ့ Chain of Command စဖြစ်လာမယ်။ ဒါဆိုရင် နာမည်စာရင်းပေးရမယ်ဆိုတဲ့ အခက်အခဲပြေလည်သွားမယ်။ ဒီလိုပဲအခြားတိုင်းတွေမှာ ဖွဲပေးရမယ်။ ဒီအဖွဲ့တွေ ကိုယ့်အောက် ရောက်လာတဲ့အခါ ပွင့်လင်းစွာ လက်နက် မပေးနိုင်သေးရင် မပေးနိုင်တဲ့အလျောက် တိုက်ပွဲဖော်ဖို့ တဖွဲ့တစုထဲကို မပေးဘဲ ဘုံအသုံးပြုဖို့ အတွက်ဆိုပြီး အားလုံးကိုအသိပေးပြီးပေးထားရမယ် ဒီလက်နက်တွေဟာ အားလုံးအတွက် လိုအပ်တဲ့ စစ်ဆင်ရေး လုပ်တဲ့အခါ ပူးပေါင်းအော်ပရေးရှင်းမှာ တာဝန်ယူမဲ့အဖွဲ့တွေကိုထုတ်ပေးပြီး တိုက်ပွဲပြီးရင်ပြန်အပ်ခိုင်းရမယ်။ ဒီစနစ်နဲ့သွားရင်အဆင်ပြေနိုင်တယ်။ 
အောက်က The Youth Force -Saw and Kyaukhtu ကခေါင်းဆောင်တယောက် ရေးထားတာ စာရေးသူ ပြောချင်တာနဲ့တိုက်ဆိုင်နေလို့ အများဖတ်ရအောင် တင်ပေးလိုက်တယ်။ 

“တချို့အလှူရှင်တွေက NUGနှင့်သင့်မြတ်မှ NUGက အသိမှတ်ပြုလက်ခံထားမှ လှူချင်ကြတယ်။ မြေပြင်မှာ ကိုယ်တိုင်ကိုယ်ကျ လက်တွေ့လှုပ်ရှားနေရတဲ့ အဖွဲ့စည်းအနေနဲ့ကျ NUGရဲ့ Commnad အောက်ကနေသွားဖို့ အဆင်မပြေတဲ့အကြောင်းရင်းတွေ အများကြီး ရှိတယ်။ NUG ဆိုတာကလည်း D-DAY ကြေညာထားတာတော့ လှည်းနေလှေအောင်း မြင်းဇောင်းမကျန် ရရာလက်နက်စွဲကိုင်ပြီး တော်လှန်တိုက်ခိုက်ရမယ်လို့ ဆိုထားပေမယ့် တကယ့်လက်တွေ့ကျတော့ လက်နက်ကို EAOs တွေ ပြည်ပအဖွဲ့စည်းတွေက ထောက်ပံ့ပေးမယ်ဆိုတော့လည်း ကန့်ကွက်တယ်။ သူကိုယ်တိုင်လည်း ချပေးလားဆိုတော့ မချပေးဘူး အဲ့တော့ငါတို့က ဘာနဲ့ဘယ်လို တော်လှန် တိုက်ခိုက်ရမှာပါလဲ။ လက်နက်တပ်ဆင်ရေးကိစ္စရပ်တွေမှာ NUG ရဲ့ကန့်သတ် ပိတ်ပင်မှုနှင့် NUG ရဲ့ ထောက်ခံပေးမှုနဲ့မှ လှူချင်တဲ့အလှူရှင်တချို့ကြောင့်သာ လက်နက်ကိုင်တော်လှန်ရေး ထင်သလောက် ခရီးမပေါက်တာလို့ ယူဆတယ်။ အလှူငွေအများစုက NUG နှင့်သူ့အောက်က PDF တွေဆီပဲ စီးဆင်းမှုအားကောင်းနေပြီး Local PDF တွေဆီ လိုအပ်သလောက် မရတဲ့အနေထားဖြစ်နေတော့ မြေပြင်စစ်ရေး လှုပ်ရှားမှုအပိုင်းမှာ အကျိုးသက်ရောက်မှု ကွာဟသွားတာပေါ့။ နိုင်ငံရေးသမားတွေ လွှတ်တော်ကိုယ်စားလှယ်တွေ ဦးဆောင်တဲ့ NUG အောက်က PDF တွေလည်း သိပ်တော့အထင်သေးလို့မရဘူး တိုက်ပွဲတိုင်း သူတို့ပါတယ် (လိုင်းပေါ်မှာ) မြေပြင်မှာတော့ ထိထိရောက်ရောက် လုပ်ဆောင်နိုင်တာ သိပ်မတွေ့မိဘူး။ NUG အနေနဲ့လည်း တော်လှန်ရေးအစိုးရလုပ်နေတာလား စင်ပြိုင်အစိုးရ လုပ်နေတာလားဆိုတာ ရှင်းရှင်းလင်းလင်း ချပြဖို့ကောင်းနေပြီ။ လက်တွေ့မကျတဲ့ ထုတ်ပြန်ကြေညာချက်တွေနဲ့တော့ ပြည်သူတွေကို မျှော်လင့်ချက်မပေးဖို့ တောင်းဆိုပါတယ်။” လို့ရေးထားတယ်။ အဲဒါပကတိအခြေအနေပါပဲ။
စာရေးသူတို့ ထိတွေ့စာရင်းလုပ်ထားတဲ့ ဒေသခံ LDF တော်လှန်ရေးအဖွဲ့ကြီးငယ်တွေတွေ ၃၀၀ ကျော်နေပြီ သူတို့ထဲက ၉၀% က NUG ဆီကလက်နက်သော်လည်းကောင်း ထောက်ပံ့မှုကိုသော်လည်းကောင်း မရကြဘူးလို့ ဆိုပါတယ်။ သူတို့ဖာသာ ရုန်းကန်နေကြတာ စိတ်ဓါတ်ပြင်းထန်လို့ပါ ဒီလိုစိတ်ဓါတ်တွေကို ခိုင်မာသထက် ခိုင်မာလာအောင် ဝိုင်းဝန်း ကြိုးစားကြရမှာပါ။ 

NUG အောက်က ဒေသခံအဖွဲ့က တာဝန်ခံ တယောက်ကတော့ ဒီလိုပြောခဲ့တယ်-
NUG က နာမည်ပဲ ရှိတာလေဗျာ... ပြည်သူ့အားနဲ့အလှူခံပြီး နေရေးစားရေး လက်နက် အကုန်ဖန်တီးကြရတာပါ။ NUG ကရတာ ခုချိန်ထိ သိန်း ၃၀၀ ထက်ပိုမယ်မထင်ဘူး အားလုံးအတွက်နော် အလွန်ဆုံးပြောတာ ဒါ့ကြောင့် Do or Die ခု လုပ်မလား လက်နက်စွန့်ပြီး အဆုံးသတ်ရမှာလားဆိုတာ စဥ်းစားလာနေကြပါပြီဗျာ”ဟုပြောသည်။

NUG  ဝန်ကြီးတွေက ဝေဖန်မှုတွေကို သဘောမကျဘူးဖြစ်နေတယ်ဆိုတာ ဒေါက်တာတူးခေါင်စကားတွေက သက်သေပြ နေတယ် ဝေဖန်တာတွေကို သူတို့ကိုတိုက်ခိုက်တယ်မြင်တယ်။ NUG ကိုမျက်စိမှိတ် ထောက်ခံနေသူကလည်း ဝေဖန်မှုကို မကြိုက်ကြဘူး ဒါကြောင့် NUG ဝိတ်ကိုကြောက်တဲ့သူတွေကလည်း သူတို့အမြင်ကိုမတင်ပြရဲတော့ဘူး ခက်တာက ဝေဖန် ထောက်ပြတာကို တိုက်ခိုက်တယ် ထင်တယ်။ ဘာဖြစ်နေတယ် ဘာတွေလိုနေတယ်ဆိုတာသိနိုင်ခွင့်ကို ကိုယ့်ဖာသာ ပိတ်နေ သလိုဖြစ်နေတယ်။  ပြုပြင်ဖို့မကြိုးစားဘူး၊မပြုပြင်နိုင်တော့ဘူး။  တချို့ကဝေဖန်တာမဟုတ်ဘူးတိုက်ခိုက်တာ ဒါကြောင့် ခွဲခြားသိဖို့လိုတယ်။ နာမည်နဲ့ဗြောင်ရေးနေတာလား နာမည်ဝှက်နဲ့ရေးနေတာလားခွဲခြားသိသင့်တယ်။ ဝေဖန်မှုကို ကြိုဆို လက်ခံရမယ်။ နာမည်လိုချင်လို့လား တော်လှန်ရေးအောင်မြင်စေချင်လို့လား မသိနိုင်လောက်အောင် ကြောက်မနေ သင့်ဘူး။

နောက်တခုက ယူကရိန်းအရေးဟာကမ္ဘာ့လုံခြုံရေး တည်ငြိမ်ရေးနဲ့ သက်ဆိုင်နေလို့ အများအာရုံစိုက်နေတဲ့ အရေးဖြစ်ပေမဲ့ မြန်မာ့အရေးက တော့ နိုင်ငံတခုအတွင်းကအရေးဖြစ်တဲ့အတွက် သူတို့လောက် attention ဂရုစိုက်မှုမရပါဘူး။ ဒါပေမဲ့ ယူကရိန်းဖြစ်စဉ်ကိုကြည့်ရင် ရုရှားစတင်ကျူးကျော်ပြီးနောက် ယူကရိန်းသမတ ဇလန်းစကီးက သူထွက်မပြေးဘူး အသေခံတိုက်မယ် သူ့နိုင်ငံသားယောက်ျားတွေလဲ တိုင်းပြည်က မထွက်နဲ့ စစ်မှုထမ်းရမယ်ပြောပြီး ပြန်တိုက်တယ် အစပိုင်းမှာ အနောက်နိုင်ငံတွေက ဘာလက်နက်အကူအညီမှမပေးဘဲ စောင့်ကြည့်တယ် ယူကရိန်းတွေ ထွက်မပြေးဘဲ တကယ်တိုက်လာပြီး တပတ်ကျော်ကြာလာမှ လက်နက်တွေပေးဖို့ စတင်ဆောင်ရွက် လာကြတာဖြစ်တယ်။ အာဖဂန်နစ်စတန် သမတက တာလီဘန်တွေ ကာဘူးလ်မြို့မသိမ်းခင်ကထဲက ထွက်ပြေးသွားတော့ အမေရိကန်က နောက်ဆုတ်သွားတာ ကြည့်ရင် ခေါင်းဆောင်မှု ဘယ်လောက်အရေးကြီးတယ်ဆိုတာ ပြတယ်။ 

NUG က D day ခေါ်တာဘာမှ ထူးထူးခြားခြား ဖြစ်မလာဘူး၊ မတိုက်ဘူးဒီတော့ ဟာသတခုလို ဖြစ်ခဲ့တယ်။ ဇလန်းစကီးက အကူအညီတွေ ပေးနေလဲ ထပ်တလဲလဲတောင်းနေတယ် အောက်ကျတယ်လို့ မယူဆဘူး ရလေ တောင်းလေပဲ နိုင်ငံတကာက ပါလီမန်တွေမှာ မိန့်ခွန်းပြောပြီး သူတို့ကို ထောက်ခံလာအောင် မနားမနေ ကြိုးစားနေတယ်။ NUG က နိုင်ငံတကာက မြန်မာပြည်အကြောင်းကို attention ဂရုစိုက် အလေးထားလာအောင်မနားမနေ ကြိုးစားသင့်တယ်၊ စာရေးသူ ABSDF ဥက္ကဋ္ဌဘဝမှာ နိုင်ငံတကာကသိအောင် ဘန်ကောက်ရှိ သတင်းဌာနတွေကိုသွားတွေ့၊ သတင်းထောက်တွေကို ရင်းနှီးအောင်ပေါင်း၊ သတင်းစာရှင်းလင်းပွဲတွေလုပ် ခင်ညွန့် လိမ်ညာသမျှတွေကိုပြန်လှန်ခြေပ counter လုပ်ပြီး မြန်မာ့အရေးကို ကမ္ဘာကို သိစေခဲ့တယ်။ ဒီအတွက်လည်း အကူအညီတွေရခဲ့တယ်။ အခု NUG က ဂျပန်အစိုးရ ဦးစီးထားတဲ့ NHK သတင်းဌာနက သမတကို အင်တာဗျူး;ဖို့ ကမ်းလှမ်းတာကို ပယ်ချတယ် မလုပ်ဘူးတဲ့။ ကိုယ် ဘာတွေလုပ်နေတယ် ဘာကြောင့်လုပ်နေတယ် ပြည်သူတွေဘယ်လို အသတ်ခံနေရတယ် စစ်ပြေးဒုက္ခသည်တွေ ဘယ်လောက်တွေရှိနေတယ် ဘယ်လို အကူအညီတွေလိုတယ်ဆိုတဲ့ အခွင့်အရေး ဆုံးရှုံးတယ်လို့ပဲမြင်တယ်။ NHK နဲ့ အင်တာဗျူးဖို့ဆိုတာ လွယ်တာ မဟုတ်တဲ့အတွက် အခွင့်အရေးတခု ဆုံးရှုံးသွားတယ်လို့ မြင်တယ်။ 

NUG အနေနဲ့ ထိုင်းသတင်းစာတွေနဲ့ဆက်သွယ်ပြီး အင်တာဗျူးတွေ၊ ဘန်ကောက်ရှိ The Foreign Correspondents’ Club of Thailand ကို ဆက်သွယ်ပြီး Press Conference တွေကို တလတခါ လောက်လုပ်သင့်တယ်၊ မိမိလုပ်ဆောင်ချက်တွေ အပြင် ရန်သူရဲ့ ရက်စက်ယုတ်မာမှုတွေကို ပြည်သူတွေရဲ့ ကိုယ်စားလှယ်တွေအနေနဲ့ ကမ္ဘာ့ပြည်သူနဲ့အစိုးရတွေကို ပြောဆိုသင့်သလို နိုင်ငံခြားမှာ ကိုယ်စားလှယ် ခန့်ထားသူတွေကလည်း သူတို့ရောက်နေတဲ့နိုင်ငံတွေမှာ နိုင်ငံခြားရေးဝန်ကြီးဌာနတွေကို အမြဲမပြတ် တွေ့ဆုံပြီး အကူအညီတွေကို တောင်းနေသင့်တယ်။ နိုင်ငံခြားအကူအညီဆိုတာ လွယ်လွယ်နဲ့တော့မရဘူး မိမိကြိုးစားဆောင်ရွက်မှုနဲ့ လူပုဂ္ဂိုလ်ရင်းနှီးမှုလည်း လိုတယ်၊ ငါတို့ကရွေးကောက်ခံကွ ဆိုတဲ့မာနနဲ့ နေလို့တော့ မရဘူး။ စာရေးသူဥက္ကဋ္ဌအဖြစ်အရွေးခံရပြီးဘန်ကောက်တက် အကူအညီတောင်းတော့ နိုင်ငံခြား NGO တခုက တာဝန်ခံအမျိုးသမီးနဲ့တွေ့တယ် ငါက ABSDF ဥက္ကဋ္ဌ ထွန်းအောင်ကျော်ပါ၊ ငါတို့ အခု ဆေးဝါးတွေ ရိက္ခာတွေလိုတယ် အကူအညီ ပေးပါဆိုတော့ သူက အေးမင်းအရွေးခံရတယ်ဆိုတာငါကြားတယ်။ ဒါပေမဲ့ မင်းကို ငါသေသေချာချာ မသိသေးဘူး၊ နောက်မင်းနဲ့ ရင်းနှီးလာမှ ငါစဉ်းစားမယ်လို့ ပြောလွှတ်လိုက်လို့ အတော်အံ့သြသင့်ခဲ့ရဖူးတယ်။ အော်အဖြူတွေလည်း ပုဂ္ဂိုလ်ရေးရင်းနှီးမှ အကူအညီ ပေးတာပါလားလို့ သိလိုက်ရတယ်။ နောက်ပိုင်း သူတို့ဆီသွား စကားပြော အခက်အခဲတွေပြောပြနဲ့ နောက်ပိုင်း ခင်ခင်မင်မင် ဖြစ်လာပြီး ကူညီလာတာ။ နောက်အမေရိကားရောက်လို့ ပြန်တွေ့ကြတဲ့အခါ သူ့အကူအညီကြောင့် စကောလားရှစ်ပါ လျှောက်ခွင့်ရပြီး ကျောင်းဆက်တက်နိုင်ခဲ့ပါတယ် ဒါကြောင့် NUGအနေနဲ့ ပုဂ္ဂိုလ်ရေးရင်းနှီးမှု ရအောင်လည်း ကြိုးစား ဆောင်ရွက်ဖို့ လိုတယ်လို့ ပြောလိုပါတယ်။ 

အားလုံးညီညွတ်တဲ့ တော်လှန်ရေးတပ်ဖွဲ့ကြီးကို ဖွဲ့စည်းနိုင်ပြီး တော်လှန်ရေး အောင်မြင်အောင် စွမ်းဆောင်နိုင်တဲ့ ခေါင်းဆောင်များ ပေါ်ထွက်လာပါစေ။

The Foreign Correspondents’ Club of Thailand ရဲ့ page ပါ။
https://www.fccthai.com/

ထွန်းအောင်ကျော် (၇၄ မျိုးဆက်)

Comments

Popular posts from this blog

mega quake not a lot of people know about that could happen

Let’s talk about a mega quake not a lot of people know about that could happen. We are talking about the Burma Plate or Burmese micro-plate. This is what caused the big 2004 quake and tsunami on the Southern side of the plate near Sumatra but there is another area of the subduction zone not a lot of people know.  I’m talking about the beautiful islands of Nicobar and Andaman Islands. An Indian Geologist has warned of this in our near future. The Burmese Micro-Plate is sandwiched between the India Plate  to the West and Sunda Plate to the East. One day that micro plate will be overran and crushed or it will have a subduction. When this occurs, it will be a mega quake  in the 8 or 9 magnitude range and there will be a devastating tsunami that will hit India, Bangladesh, Myanmar, Thailand and Indonesia head on. It’s going to happen just don’t know when. There are also volcanoes there that would compress and erupt as well. Just wanted to educate you on this one be...

ထိုင်းကို တရားဝင်သွားပြီး အလုပ်လုပ်ချင်ရင်

ထိုင်းကို တရားဝင်သွားလို့မရတာမဟုတ်ပါ၊ တရားဝင်သွားပြီး အလုပ်လုပ်ချင်ရင် ကုန်ကျစရိတ်အဆမတန်များနေတာပါ ကုန်ကျစရိတ်များအောင် ပွဲစားတွေကလုပ်တာပါ။  ပွဲစားခမပါ ထိုင်းအရောက် ကုန်ကျစရိတ်(average) တွက်ကြည့်မယ်ဆိုရင် လေယဉ်လက်မှတ်+Q+Visa fees ပဲ ရှိမယ်၊ totally 500USD လောက်ရှိမယ်၊ MOU စနစ်နဲ့ခေါ်ရင် ထိုင်းလုပ်ငန်းရှင်က အဲဒီကုန်ကျစရိတ်ကို စိုက်ထုတ်ပေးရပါတယ်။ အလုပ်သမားက လုပ်အားခထဲကပြန်ဖြတ်ခံရပါတယ်၊ အဲဒီအတွက်သတ်မှတ်ကာလပြည့်အောင်အလုပ်လုပ်ဖို့ ဝန်ခံစာချုပ်ချုပ်ဆိုရတာပါ။ ထိုင်းကအလုပ်ကို online က လှမ်းလျှောက်လို့ရရင်  (or) ထိုင်းမှာရှိတဲ့မိတ်ဆွေ/အမျိုး က အလုပ်ရှာပေးထားရင် ပွဲစားမလိုအပ်တော့ပါဘူး Visa Application ကို Thai Embassy (Yangon) မှာ လျှောက်လို့ရပါတယ်၊ Non immigrant Visa (Category "B") အတွက် feesက 40USD ပါ။ Non immigrant "B" visa လျှောက်ဖို့ လိုအပ်ချက်တွေကိုတော့ official siteမှာ ရေးထားတဲ့အတိုင်း ကူးပြီး ဘာသာပြန်ပေးထားပါတယ် ဗီဇာလျှောက်လွှာ  2.1   ရွှေ့ပြောင်းနေထိုင်သူမဟုတ်သော ဗီဇာအမျိုးအစား “B”  (စီးပွားရေးဗီဇာ)   ကို အလုပ်လု...

Dark Fiber ဆိုတာ ဘာလဲ။

Dark Fiber ဆိုတာ ဘာလဲ။                ခေါင်းစဉ်ရဲ့ ရည်ရွယ်ချက်က နုစဉ်အခါတုန်းက ရန်ကုန် to ပဲခူး နဲ့ ရန်ကုန် အတွင်း Fiber link တွေရချင်လို့ ဆရာသမားက MFOCN နဲ့ Eager မှာ quotation တောင်းခိုင်းတဲ့ အတွက် တောင်းခဲ့ဘူးပါတယ်။ ဟော Quotation လဲ ရပါရော ပြဿနာ ကစပြီ၊ ရချင်တာက Fiber 2 core၊ Quotation ထဲမှာ ရေးထားတာက Dark Fiber 2 core၊ နောက်ပြီး Micro Duct ပိုက်ကော ငှားတဲ့ လိုရတဲ့ ကြောင်း Quotation ထဲပါလာ လေရော။                          Dark fiber ဆိုတာ အမဲရောင် နောက်ဆုံးပေါ် Fiber လားပေါ့၊ Underground Micro Duct ပိုက် ဆိုတာ မြေအောက်ထဲက ပိုက်ဆိုတော့ ဘာလုပ်ရမှာလဲ ကိုယ်လိုချင်တဲ့ Fiber က ဘယ်နားမှာ ပါတုန်းပေါ့ အစသဖြင့်။ နဖူးပေါ် လက်တင်စဉ်းစား နေတာပေါ့။ ဆရာ Google မှာ ဖတ်တော့လဲ ရေးထားတာတွေက စုံလို့၊ ဆရာကို ပြန်မေးရအောင်လဲ ဆူမှာကြောက်၊ Eager တို့၊ MFOCN ပြန်ပြီး မေးရအောင်လဲ Fiber ဆရာကြီးရဲ့ အောက်မှာ အလုပ် လုပ်ပြီး ဒါပါ့ မသိရသလားဆိုပြီး အထင်သေးမှာလဲ စိုးတာပေါ့။        ...