Skip to main content

Dark Fiber ဆိုတာ ဘာလဲ။

Dark Fiber ဆိုတာ ဘာလဲ။ 

              ခေါင်းစဉ်ရဲ့ ရည်ရွယ်ချက်က နုစဉ်အခါတုန်းက ရန်ကုန် to ပဲခူး နဲ့ ရန်ကုန် အတွင်း Fiber link တွေရချင်လို့ ဆရာသမားက MFOCN နဲ့ Eager မှာ quotation တောင်းခိုင်းတဲ့ အတွက် တောင်းခဲ့ဘူးပါတယ်။ ဟော Quotation လဲ ရပါရော ပြဿနာ ကစပြီ၊ ရချင်တာက Fiber 2 core၊ Quotation ထဲမှာ ရေးထားတာက Dark Fiber 2 core၊ နောက်ပြီး Micro Duct ပိုက်ကော ငှားတဲ့ လိုရတဲ့ ကြောင်း Quotation ထဲပါလာ လေရော။ 
                        Dark fiber ဆိုတာ အမဲရောင် နောက်ဆုံးပေါ် Fiber လားပေါ့၊ Underground Micro Duct ပိုက် ဆိုတာ မြေအောက်ထဲက ပိုက်ဆိုတော့ ဘာလုပ်ရမှာလဲ ကိုယ်လိုချင်တဲ့ Fiber က ဘယ်နားမှာ ပါတုန်းပေါ့ အစသဖြင့်။ နဖူးပေါ် လက်တင်စဉ်းစား နေတာပေါ့။ ဆရာ Google မှာ ဖတ်တော့လဲ ရေးထားတာတွေက စုံလို့၊ ဆရာကို ပြန်မေးရအောင်လဲ ဆူမှာကြောက်၊ Eager တို့၊ MFOCN ပြန်ပြီး မေးရအောင်လဲ Fiber ဆရာကြီးရဲ့ အောက်မှာ အလုပ် လုပ်ပြီး ဒါပါ့ မသိရသလားဆိုပြီး အထင်သေးမှာလဲ စိုးတာပေါ့။ 
                  နောက်ဆုံးတော့ မင်းနဲ့မှ ချစ်တတ်ပြီပေါ့၊ အဲဟုတ်ပါဘူးရောင်လို့။ မသိမေး၊ မစင်ရင်ဆေး ဆိုတဲ့စကား အတိုင်း နောက်ဆုံးတော့ ဆရာကိုဘဲ မေးရတာပေါ့ဗျာ။ ဆရာက ရှင်းပြပါတယ်။
     ၁. Dark Fiber ဆိုတာဘာလဲ?
                   Dark fiber ဆိုတာ Point A ကနေ Point B အထိ Fiber link က Direct ရောက်တာကို ခေါ်တယ်။ ကြားမှာ Active Device တွေဘားမှမရှိဘူးသလို၊ Splitter တွေလဲ မရှိပါဘူး။ စက်ရုံက ထုတ်လာတဲ့ Fiber cable ကို Point A ကနေ Point B ရောက်အောင် ဆွဲလိုက်သလိုပါဘဲတဲ့။
      ၂. Dark Fiber ဘာလို့ ငှားရတာလဲ?
                 နံပါတ်(၁)မှာ ပြောသလို အစ၊ အဆုံး ကိုယ့်ဟာကို ဆွဲလိုက်ရင်ပြီးနေတာဘဲ၊ ဘာလို့ငှားနေရမှာလဲပေါ့။ Fiber Infra တည်ဆောက်မယ်ဆိုရင် ပထမ ဦးဆုံး လိုင်စင် လိုတယ်။ လိုင်စင်ရှိတယ် ထားအုံး Right Of Way (ROW) ရှိဖို့ လိုပါတယ်၊ ROW ရှိတယ်ထားအုံး ရင်းနှီးငွေ အများကြီး လိုပါတယ်။ ကိုယ့် Company က Fiber Cable တွေကို မြန်မာနိုင်ငံအနှံ့ တည်ဆောက်ပြီး တခြားသူတွေကို ငှားဖို့ စီစဉ်နေတဲ့ Company လဲ မဟုတ်တော့ ငှားလိုက်တာ အကောင်းဆုံးပေါ့။ Fiber Infrastructure ကို ငှားရမ်းဖို့ အတွက် တည်ဆောက်တဲ့ Company တွေက တနေရာ နဲ့ တနေရာ ဆွဲတဲ့အခါ Fiber core များတဲ့ Cable တွေကို အသုံးပြုကြတယ်။ Core များတော့ တခြား Company တွေကို များများ ငှားလို့ ရတာပေါ့။ ဒီမှာ စိတ်ဝင်စားဖို့ ကောင်းတာက City တစ်ခု ကို Metro Fiber network design လုပ်တာဘာဘဲ၊ FTTH အတွက် Fiber network design လုပ်တာနဲ့ ကွဲပါတယ်၊ ဒီမှာကတော့ Dark fiber တွေကိုဘဲ Design လုပ်တာပါ။
              ၃. Dark Fiber ငှားရင် ရတဲ့ အကျိုးကျေးဇူးကဘာလဲ
                     မြို့တစ်ခု နဲ့ တစ်ခု သော်၎င်း ၊ နေရာ တစ်ခု နဲ့ တစ်ခုသော်၎င်း Connectivity ရဖို့ ငှားရမ်းအသုံးပြုရန် နည်းလမ်းနှစ်မျိုးရှိတယ်။ Dark Fiber ငှားတာနဲ့ Bandwidth leasing (DPLC) ငှားတာပေါ့။ Bandwidth leasing (DPLC) အကြောင်းကို နောင်များကြမှ သပ်သပ်ရှင်းပြသွားပါမယ်။ Dark fiber ငှားလိုက်တဲ့အတွက် Bandwidth ကိစ္စကို ပူစရာ မလိုတော့ဘူးပေါ့။ ကျွန်တော်ရှင်းပြခဲ့ဘူးပါတယ် Fiber မှာ Distance ကန့်သတ်ချက်မရှိ၊ Bandwidth ကန့်သတ်ချက်မရှိ။ သူနဲ့ တွဲသုံးတဲ့ Device အပေါ်မူတည်ပြီး ပြောင်းလဲသွားတယ်။ ဥပမာ 1G SFP နဲ့ 1G Switch ဆိုရင် 1G bandwidth ပေါ့၊ 100G SFP နဲ့ 100G switch နဲ့ဆိုရင် 100G Bandwidth ပေါ့၊ 10G* 80 channels DWDM ဆိုရင် 800G Bandwidth ပေါ့။ ကိုယ်က Bandwidth ဘယ်လောက် လိုသလဲပေါ်မူတည်ပြီး Device ကို ရွှေးရုံပေါ့
          ၄. ငှားတဲ့ ကုန်ကျစရိတ်က ဘယ်လိုရှိသလဲ
                    ကုန်ကျစရိတ်ကတော့ Bandwidth leasing(DPLC) လုပ်တာထက်ကို ဈေးများပါတယ်။ Point A နဲ့ Point B နှစ်ခုရဲ့ OTDR Distance ပေါ်မူတည်ပြီး လစဉ်ငှားရမ်းခကိုတွက်တာပါ။ ဥပမာ Distance က 10km ဆိုရင် 1km က $80 နဲ့ဆိုရင် ၁လ ကို $800 ပေးရမှာပါ။ Dark fiber leasing လုပ်တဲ့ Vendors တွေရဲ့ Term and condition တွေပေါ်မူတည်ပြီး $ 80 ကနေ $ 60 လောက်အထိရှိပါတယ်။ Maintenance လုပ်တဲ့ Charge ကို သီးသန့် ပေးစရာမလိုဘဲ ၎င်း Charge ထဲမှာ ပါပြီးသားပါ။
          ၄. Micro Duct Pipe အကြောင်းကိုလဲ သီးသန့် ဆွေးနွေး သွားမှာပါ။
               
# ဒီလောက်ဆိုရင် Dark Fiber ဆိုတာ ဘာကိုခေါ်သလဲ ဆိုတာသိလောက်ပါပြီ။ ကျွန်တော်လို ညီအကို မောင်နှမ များ အတွေးများပြီး ဝေးမသွားရလေအောင် Knowledge share ရခြင်း ဖြစ်ပါသည်။
ဒီနေ့ ကတော့ Flat Type Optical Drop cable ရဲ့ Cable code အကြောင်းကို ရှင်းပြသွားမှာပါ။
GJYXCH-2
GJ ဆိုတဲ့အတွက် Indoor Used ပါ
Y ကတော့ PE sheath ပါ
X ကတော့ Unitube
C ကတော့ self-supporting
H ကတော့ Non-Metallic Strength Member
-2 ကတော့ 2 core fiber ကို ရည်ညွန်းတာပါ။
                    ညီတစ်ယောက်ကြုံတွေ့ရတာက G652D Cable နဲ့ G657A ဆက်တဲ့ loss များတဲ့အတွက် အဆင်မပြေနိုင်ကြောင်း အထက်လူကြီး နဲ့ ဖြစ်တဲ့ Case လေးပါ။ အမျိုးအစားမတူရင် တော့ Loss လေးတွေ တတ်လို့ ပုံမှာပြထားအတိုင်းကြည့်ရူကြပါ။ အမျိုးအစားတူရင်တော့ 0.001dB လောက်ဘဲရှိပါတယ်။ 
                 တချို့ကိစ္စလေးတွေကတော့ အထက်လူကြီး ဆက်ဆံတဲ့အခါ သတိထားရတာပေါ့။ အများကြီးပြောင်းလဲမှုမရှိတဲ့ ကိစ္စတွေဆိုရင်တော့ တစ်လုံးထဲ နှစ်နှစ်နာနာ ပြန်ပြောလိုက် "ဟုတ်ကဲ့" ။ ကိုယ်လူကြီးဖြစ်တဲ့အခါ အဲဒီလို ကိစ္စတွေကို မဖြစ်ရှောင်၊ အောက်က ညီအကိုတွေပြောတာ နားထောင်ပေါ့ဗျာ။
ဝင်ရောက်ဆွေနွေးပေးကြတဲ့ ညီအကို အားလုံးကို ကျေးဇူးတင်ပါတယ်။ Comment ဖတ်ကြတဲ့သူ အားလုံး Drop fiber ဆိုတာ သိသွားလောက်ကြပါပြီ ဆိုတော့ အနည်းငယ်ဘဲ ပြောပြလိုက်တော့မယ်။ 
         ၁. Flat type Optical Drop cable ဆိုတာ ဘာလဲ။
                   Flat type Optical Drop cable ဆိုတာ cable ရဲ့တည်ဆောက်ပုံက အပြားပုံစံဖြစ်ပြီး၊ Cable အမျိုးအစားမှာ တခြား Outdoor Fiber Cable တွေနဲ့ ယှဉ်တဲ့အခါ သေးငယ်ပြီး ပေါ့ပါး ပါသည်။ Model Girl လိုပေါ့ သေးသေးသွယ်သွယ် ပေါ့ပေါ့ ပါးပါးပေါ့။ ဒါကြောင့်ထင်ပါတယ် လူတိုင်းကြိုက်များကြပြီး one core drop fiber နဲ့ FTTH network တစ်ခုလုံးတည်ဆောက်လို့ရသလား၊ One core drop နဲ့ user တွေကို ဘယ်လိုခွဲသလဲပေါ့ စုံလို့ပါဘဲ။ သူ့နေရာ နှင့် သူပေါ့ ကြိုက်တိုင်း ရနိုင်တာမှ မဟုတ်တာကို။ 
             ၂. အမျိုးအစား ဘယ်နှစ်မျိုးရှိသလဲ။
                    Fiber Standard အရပြောမယ်ဆိုရင် G657A1, G657A2, G657B1, G657B2 ပေါ့။ ၎င်း Standard ရဲ့ အဓိက ရည်ညွန်းချက်က Bending loss ပါ။ Fiber cable ဆိုတဲ့ အမျိုးအစားဟာ အလင်းအပေါ် အခြေခံတဲ့ အတွက် ထောင့်ချိုးတွေဆိုရင် အလင်းရဲ့ သဘောတရားဖြစ်တဲ့ အလင်းပြန်တာတို့၊ အလင်းယိုင်တာတို့ ဖြစ်ပေါ်ပြီး Loss များတတ်ပါတယ်။ ၎င်း Standard အတိုင်းဆိုရင် Fiber cable ကို ရေသန့်ဘူးအဖုံးအဝိုင်းလောက်ထိ ကွေးထားနိုင်ပါတယ်။ G652D ဆိုရင်တော့ အဲလောက်ထိမရဘူးပေါ့။ 
              ၃. Cable Structure ဘယ်လို ပုံစံလဲ။
                        Cable structure ကတော့ Messenger ပါတာရှိသလို၊ မပါတာလဲရှိပါတယ်။ Outdoor မှာ Overhead အနေနဲ့ ဆွဲမယ်ဆိုရင်တော့ Messenger ပါတော့ ပိုအဆင်ပြေတာပေါ့။ Messenger မှာလဲ Solid wire နဲ့ ရှိသလို၊ twisted wire နဲ့လိုရှိပါတယ်။ Twisted wire နဲ့က ဈေးနဲနဲများပါတယ်၊ ဒါပေမယ့် Installer အတွက်တော့ ပိုအဆင်ပြေတာပေါ့ဗျာ။
Self-supporting အနေဖြင့် Fiber jacket မှာ steel wire ၂ ချောင်းပါတာနဲ့၊ FRP လို့ခေါ်တဲ့ Fiber Reinforcement Plastic ကိုထည့်ထားတဲ့ အမျိုးအစားလဲ ရှိပါတယ်။ ကျွန်တော်အကြိုက်ပြောမယ်ဆိုရင် တော့ Steel Wire က ပိုသုံးလို့ကောင်းပါတယ်၊ Cable ခေါက်သွားရင် FRP က ကြိုးသွားတယ်၊ Steel wire ကတော့ အလိုက်သင့် ပြန်ဖြေပြီး သုံးလို့ရတယ်။
နောက်တစ်ခုက အိမ်ထဲမှာ သုံးတဲ့ အတွက် မီးလောင်တဲ့ အခါ မီးခိုးထွက်မှုနည်းအောင် အတွက် LSZH jacket အသားနဲ့ တည်ဆောက်ကြပါတယ်။ တခြားCable type တွေက outdoor မှာဆိုတော့ မီးခိုး ဘယ်လောက် ထွက်ထွက် ကိစ္စမရှိဘူးပေါ့။ ကိုတရုတ်ကတော့ ခင်ဗျားတို့ ရချင်တဲ့ ဈေးနဲ့ ကိုက်ညီအောင်ထုတ်တတ်တော့ Cable jacket ကဘယ်လဲ မသိဘူးပေါ့။
            ၄. ဘယ်နေရာမှာ အသုံးပြုကြသလဲ။
                       သေး ငယ် ပေါ့ပါးတဲ့ Cable အမျိုးအစားဖြစ်တာကြောင့် ၎င်း Cable ကို ISP ရဲ့ Service Node (SN Box) ကနေ Customer အိမ်ထဲသို့ သွယ်တန်းတဲ့ အခါ အသုံးပြုပါသည်။ ဗလတောင့် တဲ့ Cable တွေကတော့ အိမ်အပေါက်မှာ စောင့်တဲ့ security တွေလိုဘဲ အိမ်ထဲ ကို ဝင်လို့မရဘူးပေါ့။ သေးသေး သွယ်သွယ်ဖြစ်တာကြောင့် အိမ်ထဲမှာ Cable ဆွဲရတာ ပိုမို အဆင်ပြေပါတယ်?
             ၅. ၎င်းကို အသုံးပြုခြင်းဖြင့် ဘာအကျိုးကျေးဇူးရမလဲ။
                        ISP နေ DIA service သော်၎င်း၊ Very high SLA နဲ့ ယူရင်သော်၎င်း ISP မှာ မိမိတို့ ရုံး (သို့) အိမ် ထဲကို Fig-8 cable လို Cable အကြီးတွေနဲ့ ဆွဲကြပါတယ်။ Drop cable က သေးငယ် တာကြောင့် အလွယ်တကူ ထိခိုက်ပြီး ပျက်စီးနိုင်ပါသည်။ Cable ကို ကားချိပ်မိရင်တော့ သေးသေးကြီးကြီး ပြတ်တာဘာဘဲ။ အများစု က Fiber Installer တွေက Cable Messenger သပ်ရမဲ့နေရာ ဖြစ်တဲ့ လမ်းထောင့်တွေမှာ မသပ်ဘဲ ဆွဲထားရင် ကြာလာတော့ Cable နာပြီး Loss မီးလင်းတာဘဲ။ 
နောက်တစ်ခု Customer အယောက်တိုင်းတာ Cable ကြီးနဲ့တာ ဆွဲရရင် ကုန်ကျစရိတ် ကို စဉ်းစားကြည့်ပါ။ မိမိအိမ်ရဲ့ ဧည့်ခန်းထဲမှာ Cable အကြီး ကြီး ခွေထားရင် မျက်စိမြင်အောင်ကြည့်ပါ ဘယ်လောက်ရုပ်ဆိုးမလဲလို့။ 
ဒါကြောင် Drop Fiber ကို last mile အပိုင်းမှာ အများဆုံး အသုံးပြုကြတာ၊ ISP တွေရဲ့ အသဲစွဲတယ့် အိမ်ထဲဆွဲမယ့် Cable ပေါ့။
ဒါတွေလုပ်ပြီး သွားရင် ဘယ်လိုမှတ်သားကြမလဲ၊ ဘယ်လို Software တွေ အသုံးပြုကြရင် ကောင်းမလဲလို့ မေးလာပါတယ်။
လက်ကျန်အပိုင်းလေးဖြတ်တာပါ။
     1. Patching
     2. Rapid check SFP status in field
     3. Loopback

What is patching?
               Patching ဆိုတာ ပစ္စည်း နှစ်ခု ကို connect လုပ်ခြင်းဖြစ်ပါသည်။ OTB to Device (သို့) OTB to OTB (သို့) Device to Device တွေကို ချိပ်ဆက်တာပေါ့။ Patching လုပ်ဖို့အတွက် Patch Cord cable လိုပါတယ်။ Patch cord လို့ပြောလိုက်တာနဲ့ Fiber လောကသမားတွေက Fiber patch cord ကိုဘဲ မျက်စိထဲမြင်ကြတယ်။ Cat-6 cable ကို နှစ်ဖက်ခေါင်းတပ်ထားရင်လဲ Patch cord လို့ခေါ်တာပါဘဲ။ ဒါပေမယ့် Cat-6 cable ကိုတော့ LAN cable လို့ခေါ်လိုက်မှ လူအများသိကြတာပါ။ 
                တဆက်ထဲမှာဘဲ Pigtail အကြောင်းအနဲငယ်ပြောပြလိုက်မယ်။ Pigtail ဆိုတာ လူပျိုလက် ဝက်မှီးလိုပေါ့ အငြိမ်မနေဘူး။ Cable ကို ခေါင်းတစ်ဖက်ထဲ တပ်ပြီး ကျန်တဲ့ တဖက်က မတပ်ထားဘဲ တန်းလန်းလေးဖြစ်နေရင် Pigtail လို့ခေါ်တယ်။ ကိုယ့် Senior က Pigtail ယူလာသလားလို့ မေးမယ် ကိုယ်ကလဲ မေ့နေရင် ဘာမှ မစဉ်းစားနေနဲ့ သူ့ကွယ်ရာ သွားပြီး Patch Cord ကို အလယ်က ဖြတ်ပြီး ၂ ချောင်းယူလာတယ်လို့ ပြောလိုက်ပါ။ 
                  Client သော်၎င်း၊ Provider သော်၎င်း Patching လုပ်မယ် ပြောရင် သူရဲ့ Device နဲ့ ကိုယ်ရဲ့ Device ချိပ်မယ်ဆိုတာသိရပါမယ်၊ ဒါဆိုရင် နောက်တဆင့် မေးရမှာက Connector type ပါ (Connector အကြောင်းသိချင် ရင်တော့ ဒီ page ထဲမှာ ရှင်းပြပြီးသားဆိုတော့ ရှာဖတ်ပေါ့) SC လား၊ LC လား၊ FC လား UPCလား APC လားပေါ့။ Cable length ဘယ်လောက်ရှိနိုင်သလဲပေါ့။ အဲဒီ အချက်တွေစုံမှ Patching လုပ်တဲ့အခါ ချောမွေ့မှာ။
Rapid check SFP status in field
                  PoP down နေလို့ NOC ဆရာကြီးက ကိုယ့် ကို PoP site ထဲကို သွားကြည့်ခိုင်းတယ်။ NOC က သွားကြည့်ခိုင်းလို့တာ အမြန်သွားရတာ OTDR တို့ Power Meter တို့က မပါ၊ Fiber provider ဖြစ်တဲ့ Eager company (သို့) Other က သူတို့ရဲ့ Fiber က အကုန်အဆင်ပြေတယ်ကြီးဘဲပြောနေတာ၊ ကဲ ဆရာ စဉ်းစားစမ်း SFP Module မကောင်းတာလား၊ ဘာလားပေါ့ ။ 
                 SFP module ကလဲ အပိုမပါဘူးတော့၊ နောက်ဆုံးနည်းက SFP module ရဲ့ Port နှစ်ခုကို Patching လုပ်ပေးလိုက်တဲ့နည်းလမ်းပေါ့၊ SFP module ကောင်းရင်တော့ module တပ်တဲ့ Port ရဲ့အပေါ်မှာ Link မီးလေး လင်းလာရမယ်၊ NOC သမားကို မေးကြည့်ရင် သူလဲ Port up ကြောင်းပြောလိမ့်မယ်၊ မလင်းရင်တော့ SFP module ပျက်ပြီပေါ့။ 
                 Port မီးကလင်းနေပြီ၊ Link ကလည်းမတက်သေး၊ Fiber provider မေးတော့လဲ ကောင်းနေတာဘဲ လို့ပြောရင် ဖြစ်နိုင်တာ SFP module ရဲ့ Transmit နဲ့ Receive ကိုမှားထိုးထားလို့ဖြစ်မယ်။ SFP module မှာ Tx နဲ့ Rx ကို ခွဲချင်ရင် ဘယ်ဘက်ကအပေါက် က Tx ပါ။ ဘယ်ဆိုတော့ Left၊ left ဆိုတော့ L၊ Lဆိုတော့ Lady first ဆိုမှတ်ထားရင် ဘယ်တော့မှ မမေ့တော့ဘူးပေါ့။ link တစ်ခု တက်ဖို့ ဆိုရင် SFP module ရဲ့ Tx port နဲ့ တခြား SFP module ရဲ့ Rx port ကို patching လုပ်ပေးရမှာ။ Tx အချင်းချင်း၊ Rx အချင်းချင်းဆိုရင် အလုပ်မဖြစ်ဘူးပေါ့။ လူတွေမှာတော့ အချင်းချင်းဆိုရင်လည်း အလုပ်ဖြစ်ရင် ဖြစ်မှာပေါ့၊ 

Loop Back
                     Loop back ဆိုတာ SFP တစ်ခု ရဲ့ Tx နဲ့ Rx port ကို patching လုပ်လိုက်တာကို loop back လုပ်တယ်လို့ခေါ်တယ်။ နောက်တစ်မျိုးက ကိုယ်နဲ့ OTDR က Data center မှာ Engineer တစ်ယောက်က PoP site မှာ။ Link က down နေတော့ ကိုယ်ဘက်က OTDR တိုင်းလိုက်တာ Fiber Distance ကလည်း Link အသစ်တုန်းက တိုင်းထားတဲ့ Result နဲ့ နဲနဲဘဲကွာတယ်၊ Point လောက်ဘဲ ကွာရင် တော်ရုံတန်ရုံ သတိမထားမိကြဘူး။
                      Link down တာကြာနေတော့ NOC ကလည်း တယောထိုးနေပြီ၊ POP site ထဲကို သွားပြီ OTDR တိုင်းရအောင်လဲ သွားရမှာက ဝေးဆိုတော့၊ သားကြီးရေ OTB ရဲ့ Port 1 နဲ့ Port 2 ကို loop back ပေးလိုက်ဆိုပြီး ခိုင်းလိုက် ကိုယ့်ဘက်ကနေ OTDR ရဲ့ Range ကိုတင်ပြီးတိုင်းလိုက်တော့ တစ်ချောင်းထဲတုန်းက တိုင်းလိုက်တဲ့ Distance အတိုင်းရနေတယ်။ Loop back ပေးလိုက်တော့ one way က 5Km ဆိုရင် round trip ဆိုရင် 10Km ရမှာလေ၊ ဒါဆိုရင် ရှင်းပြီပေါ့ PoP ဘက်က Engineer ကို OTB ထဲကို သေချာ စစ်ခိုင်းလိုက် Fiber က Splice tray ထဲမှာ ပြတ်နေတာတွေ့ရလိမ့်မယ်။ (သို့) Patch cord cable ကောင်းမကောင်းကို အလွယ်တကူ ခွဲနိုင်လိမ့်မယ်။

ဒီလောက်ဆိုရင် Patching, SFP module check, loop back တို့ကို နားလည်မယ်လို့ထင်ပါတယ်။ 
Page ကိုလဲ Review လေးရေးပေးသွားကြပါအုံး၊ ညီ အကို Review ကို ဖတ်ပြီး ပြင်သင့်တာလဲပြင်ရတာပေါ့။
 credit https://www.facebook.com/winhtunlynn/

Comments