Transmission media တွေ အများကြီးရှိပေမယ့် Fiber Optic အသုံးများလာတဲ့ အကြောင်းအရင်းမှာ
1.Distance ကန့်သတ်မှုမရှိ
2.Bandwidth ကန့်သတ်မရှိ
တွဲဆက်အသုံးပြုတဲ့ စက်အမျိုးအစားပေါ်မူတည်ပြောင်းလဲသွားတယ်။
Fusion splicing လုပ်တယ်ဆိုတာ Fiber cable နှစ်ချောင်းကို တဆက်တည်း ဖြစ်အောင် Splicer မှာထဲမှာပါတဲ့ ARC နဲ့ Fiber ကို fused လုပ်ခြင်းဖြစ်ပါသည်။ Fiber ပြတ်လို့ဘဲဖြစ်ဖြစ်၊ အသစ်နှစ်ချောင်း ကို ဆက်ခြင်လို့ဘဲ ဖြစ်ဖြစ် Splicer ကို အသုံးပြကြုပါသည်။ အလွန်သေးငယ်လှတဲ့ Fiber cable နှစ်ချောင်းကို alignment ပြုလုပ်ခြင်း အလွန်အရေးပါ ပါသည်။ ARC နဲ့ alignment မကောင်းရင် တော့ Loss တွေများနေတတ်ပြီးအဆင်မပြေဖြစ်တတ်ပါသည်။
Alignment လုပ်တဲ့အပေါ်မူတည်၍ Splicer အမျိုးအစား နှစ်မျိုးရှိပါသည်။
1. Core to Core Alignment
2. Cladding to Cladding Alignment
Core alignment Fusion splicer ဆိုတာ 9um ဆံပင်လောက် ရှိတဲ့ Fiber cable အမျှင်ကို X,Y,Z direction အတိုင်း alignment တည့်အောင် Motor ခြောက်လုံး ကို အသုံးပြုပြီး ဆက်ခြင်းဖြစ်ပါသည်။ ၎င်း Splicer အမျိုးအစားမှာ Precision ကို အထူးဂရုစိုက်တဲ့အတွက် ဈေးကြီးပြီး ၊ Splice loss နဲပါသည်။ ထို့အတူ ပျက်ရင်၊ Maintenance လုပ်ရင်လည်း မသက်သာလှပါ။Long distance fiber တွေနဲ့ Backbone fiber network တွေမှာ ပိုမိုသင့်တော်ပါသည်။
Cladding alignment Fusion splicer ဆိုတာ Fiber core ရဲ့ အပေါ် Layer ဖြစ်တဲ့ Cladding မူတည်၍ Alignment ပြုလုပ်ခြင်း ဖြစ်ပါသည်။ Cladding ကတော့ 125um diameter ရှိပါသည်။ ၎င်းအမျိုးအစားသည် X,Y direction ကို Motor လေးလုံးဖြင့် Alignment တည့်အောင်ချိန်ပါသည်။ Z direction ကိုတော့ V-grooves မှာ အသေချိန်ထားပြီးထားပါ။ ဈေးသက်သာတဲ့ အတွက် FTTH တပ်ဆင်ခြင်းလုပ်ငန်းတွေမှာ တွင်တွင်ကျယ်ကျယ် အသုံးပြုကြပါသည်။
ခင်ဗျားတို့ကော ဘာ Splicer အမျိုးအစားတွေ အသုံးပြုနေကြသလဲ။
Core လား ၊ Cladding လား
Fiber Cable တွေမှာ ရေးသားဖော်ပြထားတဲ့ Code တွေရဲ့ အဓိပ္ပါယ်ကို သိကြပါသလား။
GYFTC8Y53 48B1.3
GY က Outdoor Cable ဆိုတာရည်ညွှန်းတာ
F က Fiber Reinforcement Plastic (FRP)
T က Compound Filling
C က Self Supporting
8 က Fig-8 Cable ဆိုလိုတာပါ
Y က PE Sheath
53 က Steel Tape+PE+Nylon
48 က Number of fiber core ပါ
B1.3 က G652D
Fiber code တွေကို သိထားရင် Vendor တွေနဲ့ စကားပြောရတာလွယ်ကူ သွားပြီ၊
SJSA or DJSA ဆိုပြီ မှာလို့ ရပေမယ့် Cable structure အမျိုးမျိုးရှိတာကြောင့် လိုချင်တာမရဖြစ်တတ်ပါတယ်.
OTDR ရဲ့ Graph တွေကို လေ့လာမယ်ဆို event လို့ခေါ်တဲ့ symbol အများကြီးတွေ့လိမ်.မယ်။ အများအားဖြင့်တော့
1. Splice loss
2. Bending loss
3. Mechanical splice or connector
4. Crack
5. Cleaver end or connector end (reflective)
6. Broken end (non reflective)
7. Backscatter
Fiber လောကထဲဝင်မယ့်သူတွေ၊ OTDR ဖတ်တတ်အောင် လေ့လာနေတဲ့သူတွေ အလွတ်ရနေဖို့ အင်မတန် အရေးကြီးပါသည်။ အဲ event တွေကို ကြည့်ပြီး Km ဘယ်လောက်မှာ ရှိတဲ့ Splice (သို့) connector ဟာ High Loss ဖြစ်နေတယ် သိနိင်မှာပါ။
Connector အများစုဟာ Cabinet or ODBမှာ အများဆုံးတွေ့ရပြီး၊ Splice တွေကိုတော့ အနေအထားပေါ် မူတည်၍ Joint closure or cabinet or ODB ထဲမှာရှိတဲ့ Splice tray မှာ တွေ့ရမှာလိမ့်မယ်။ ရေလိုက်မလွှဲ ရအောင်၊ OTDR ကြည့်ပြီးခေါင်းမခြေက်ရအောင် အလွတ်ကျက်၊ အသေမှတ် လိုက်ကြပါအုံး။
Credit https://www.facebook.com/winhtunlynn/
Comments
Post a Comment