Skip to main content

Mini ISP , ISP အကြောင်း Myanmar

ယနေ့ခေါတ်မှာ Internet ဆိုတာ မရှိမဖြစ်ဆိုသလို အရေးပါလာပါတယ်။ အင်တာနက်အသုံးပြုနေတဲ့ သူတွေဟာ အရက်၊ ဘီယာတွေလိုဘဲ မသုံးရရင် နေမထိထိုင်မသာ ဖြစ်စေပါတယ် အေ့ အေ့ ။
 မိသားစု၊ သူငယ်ချင်းတွေနဲ့ Physically စကားပြောဆိုကြဖို့၊ ပျော်ရွှင်ဖို့ မေ့နေကြပြီး အင်တာနက်ထဲတွင်သာ ကျင်လည်နေကြပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာတော့ Facebook တို့၊ Tik Tok တို့ကို နှစ်ချိုက်စွာ အားပေးသုံးစွဲ ကြပါတယ်။ တချို့ဆိုရင် အင်တာနက်ဆိုတာကို Facebook လောက်သာ သိကြပါတယ်။

                       အရင်ကတော့ Data ဈေးတွေကို Operator တွေက အပြိုင်အဆိုင် Promotion တွေ ဆင်းကြတော့ Internet service provider (ISP) တွေက ဝန်ဆောင်မှုပေးနေတဲ့ Bandwidth limit နဲ့ လစဉ်ပေးဆောင်တဲ့ ပုံစံကို စိတ်မဝင်မှုနည်းပါးပါတယ်။ ဒါပေမယ့် အခြေအနေတွေပြောင်းလဲပြီးသွားတဲ့ နောက်မှာတော့ ISP လုပ်ငန်းဟာ တရှိန်ထိုးတိုးတက်လာပါတယ်။ မြို့နယ်၊ ကျေးရွာ တွေမှာ အင်တာနက် ဝန်ဆောင်မှုပေးနိုင်ရန် အပြိုင်အဆိုင် ကြိုးစားလာပါတယ်။ ကျွန်တော်တို့ Company ဆီကိုလဲ Internet Uplink ရဖို့အတွက် မေးကြတာ နေရာကို စုံနေတာဘဲ တချို့မြို့တွေများဆို မကြားဘူးပါဘူး၊ Operator တွေဆိုရင် Mobile ပေါ်မှာ သုံးနေကြတဲ့ Traffic ဟာလျော့သွားပြီး၊ ၎င်း Mobile Tower တိုင်ကနေ အဲဒီမြို့နယ်မှာရှိတဲ့ ISP ကို ပေးရတဲ့ Traffic က သိသိတာတာ တိုးတက်လာပါတယ်။
                   ဆိုတော့ ISP လုပ်ငန်းဟာ တွင်ကျယ်လာတဲ့ အလျောက် စီးပွားရေးလုပ်ငန်းရှင်တွေဟာ ၎င်းလုပ်ငန်းကို ကိုယ့်မြို့နယ်၊ ကျေးရွာတွေမှာလုပ်ဖို့ စိတ်ဝင်စားလာကြတယ်။ ဒါကြောင့် Mini ISP ဆိုတဲ့ စကားလုံးပေါ်ခဲ့တယ်လို့ ထင်ပါတယ်။ 
                    ကဲ့ဗျာ အင်တာနက် ဝန်ဆောင်မှုပေးနိုင်ဖို့အတွက် လိုင်စင်တွေ၊ ဥပဒေဖက်ကို လေ့လာကြည့်ရအောင်၊ တကယ်ဘဲ Mini ISP ဆိုတာ လုပ်လို့ရသလားပေါ့ဗျာ။ လိုင်စင်ကို အသုံးပြုလို့ရတဲ့ ပုံစံ အများကြီးရှိသော်လည်း အင်တာနက်ဝန်ဆောင်ပေးတဲ့ ပုံစံကို အလေးထားဆွေးနွေးသွားမည်ဖြစ်ပါသည်။
၁. အသုံးချလိုင်စင် ( Application Service)
                   အတိုကောက်အားဖြင့် AS လိုင်စင်ပေါ့၊ ၎င်းလိုင်စင်နဲ့ ဆိုရင် ခင်ဗျားတို့က အင်တာနက်ဝန်ဆောင်မှုကို ခင်ဗျားတို့နာမည်နဲ့ Resell ပြန်လုပ် လို့ရတယ်။ Resell ပြန်လုပ်ဖို့ လိုတဲ့ Router တို့၊ Switch တို့ကို တည်ဆောက်၊ ပြီးရင် Uplink Internet ကို ရောင်းပေးနိုင်တဲ့ လိုင်စင် ကိုင်ထားတဲ့ IGW တို့၊ NFS(I) တို့ဆီကနေ ဝယ်ပြီး IP core network အသေးလေးတည်ဆောက်နိုင်တာပေါ့။ Uplink ဝယ်တဲ့ အခါနှစ်မျိုးရှိတယ်၊ IPT service နဲ့ DIA service ပေါ့။ DIA service ဆိုရင်တော့ NFS(I) ဆီမှဝယ်ယူနိုင်ပြီး၊ DIA နဲ့IPT service နှစ်ခုလုံးကိုတော့ IGW ဆီက ဝယ်ယူနိုင်တာတယ်။ ၎င်းကိုတော့ လိုင်စင် Level အရ PTD က ကန့်သတ်ထားတာပါ။ နောက်များကျမှ IPT နဲ့ DIA ကွားခြားပုံကို ရှင်းပြပါမယ်။
                        ကဲခင်ဗျားတို့ဆီ လိုင်စင်အရ ခွင့်ပြုထားတဲ့ IP core network လေးကို တပိုင်တနိုင် တည်ဆောက်ပြီးပြီဆိုတော့ Customer တွေကို service ဘယ်လိုပေးမလဲပေါ့။ AS လိုင်စင်ကိုင်ထားတဲ့သူတွေဟာ ကိုယ်ပိုင် Fiber network ကိုတည်ဆောက်ပြီး အင်တာနက်ဝန်ဆောင်မှု ပေးခွင့်မရှိပါဘူး။ ကိုယ်ပိုင် Fiber network တည်ဆောက်ထားရင်တော့ မိတ်ဆွေ သင်ဟာ ဘောင်ကျော်နေပြီ။ မေးစရာရှိတာက AS လိုင်စင်ကြီးကိုင်ပြီးဘာလုပ်ရမှာလဲလို့မေးရင်တော့၊ Oceanwave, Welink, Unilink,---- အစရှိသဖြင့် ပေါ့ ၎င်းတို့ဆီမှာ Port leasing လုပ်တဲ့ Business model တစ်ခုရှိတယ်။ customer တစ်ယောက် ဝန်ဆောင်မှုရချင်ရင် 2nd level splitter ရဲ့ Port ကို connected လုပ်ရတာကြောင့် ၎င်း port ကို ဌားသုံးတာသည့်အတွက် Port Leasing လုပ်တယ်လို့ခေါ်ပါတယ်။ customer တစ်ယောက်ချင်းစီအတွက် OTC တို့၊ MRC ပေးရတာပေါ့။ 
                    ခင်ဗျားတို့က မေးလိမ့်မယ် ဘယ်သူတွေကများ Port leasing လုပ်ပြီး အင်တာနက် ဝန်ဆောင်မှုပေးသလဲပေါ့။ ရန်ကုန်မှာတော့ အများကြီးပါ လိုင်စင်အရ Fiber network တည်ဆောက်ခွင့်ရှိသော်လည်း ရင်းနှီးမြှပ်နှံမှုများတာကြောင့် ဌားသုံးကြပါတယ်။ ဒါကြောင့် ဥပမာ Welink က မိမိရဲ့ East Dagon PoP မှာ မီးအခက်အခဲကြောင့် အင်တာနက် ဝန်ဆောင်မှ ပြတ်တောက်ရတယ်လို့ တောင်းပန်းလွှာ ကြေငြာတဲ့အခါ၊ တခြား ISP တွေကလဲ ကြေငြာကြတယ်။ ဌားသုံးကြတာကို တူမှာပေါ့ဗျာ့။ ခင်ဗျားတို့ကော ဝန်ဆောင်မှုယူတဲ့ အခါ တီးခေါက်ကြည့်ပေါ့။ A က မကောင်းလို့၊ B ကို ပြောင်သုံးတာ ဒါပေမယ့် A ကိုဌားသုံးပြီး ဝန်ဆောင်မှုပေးတဲ့ဟာနဲ့ တိုးနေမယ်နော်။ AS လိုင်စင်ကိုင်ထားလို့ ဌားသုံးရတယ်ဆိုပြီး စိတ်အားမငယ်ဖို့ပါ။ 
                   AS လိုင်စင်လျှောက်ဖို့ဆိုရင် PTD web site မှာ အသေးစိတ် ကြည့်လို့ရပါတယ်။ ဘဏ်ထဲမှာ သိန်း ၂၅၀ ရှိကြောင်း certificate ရယ်၊ လိုင်စင်ဖိုး သိန်း ၁၀၀ ရယ်၊ လျှောက်လွှာကြေး ၂၅ သိန်းရယ်၊ IP core တည်ဆောက်ဖို့ သိန်း ၁၀၀ လောက်ရယ်(သုံးတဲ့ Device, Design ပေါ်မူတည်)၊ ဆိုတော့ တရားဝင် လုပ်ငန်းစဖို့ အနည်းဆုံးတော့ ပိုက်ပိုက် ၄၇၅ သိန်းလောက်တော့ ကုန်မယ်ပေါ့။

စာတွေရှည်သွားပြီဗျ။ နောက်တစ်ပိုင်းပေါ့၊ ဒီနေ့တော့ Limit ပြည့်သွားလို့ ဒီလောက်ဘဲ။ 
Credit https://www.facebook.com/winhtunlynn/

Comments

Popular posts from this blog

mega quake not a lot of people know about that could happen

Let’s talk about a mega quake not a lot of people know about that could happen. We are talking about the Burma Plate or Burmese micro-plate. This is what caused the big 2004 quake and tsunami on the Southern side of the plate near Sumatra but there is another area of the subduction zone not a lot of people know.  I’m talking about the beautiful islands of Nicobar and Andaman Islands. An Indian Geologist has warned of this in our near future. The Burmese Micro-Plate is sandwiched between the India Plate  to the West and Sunda Plate to the East. One day that micro plate will be overran and crushed or it will have a subduction. When this occurs, it will be a mega quake  in the 8 or 9 magnitude range and there will be a devastating tsunami that will hit India, Bangladesh, Myanmar, Thailand and Indonesia head on. It’s going to happen just don’t know when. There are also volcanoes there that would compress and erupt as well. Just wanted to educate you on this one be...

ထိုင်းကို တရားဝင်သွားပြီး အလုပ်လုပ်ချင်ရင်

ထိုင်းကို တရားဝင်သွားလို့မရတာမဟုတ်ပါ၊ တရားဝင်သွားပြီး အလုပ်လုပ်ချင်ရင် ကုန်ကျစရိတ်အဆမတန်များနေတာပါ ကုန်ကျစရိတ်များအောင် ပွဲစားတွေကလုပ်တာပါ။  ပွဲစားခမပါ ထိုင်းအရောက် ကုန်ကျစရိတ်(average) တွက်ကြည့်မယ်ဆိုရင် လေယဉ်လက်မှတ်+Q+Visa fees ပဲ ရှိမယ်၊ totally 500USD လောက်ရှိမယ်၊ MOU စနစ်နဲ့ခေါ်ရင် ထိုင်းလုပ်ငန်းရှင်က အဲဒီကုန်ကျစရိတ်ကို စိုက်ထုတ်ပေးရပါတယ်။ အလုပ်သမားက လုပ်အားခထဲကပြန်ဖြတ်ခံရပါတယ်၊ အဲဒီအတွက်သတ်မှတ်ကာလပြည့်အောင်အလုပ်လုပ်ဖို့ ဝန်ခံစာချုပ်ချုပ်ဆိုရတာပါ။ ထိုင်းကအလုပ်ကို online က လှမ်းလျှောက်လို့ရရင်  (or) ထိုင်းမှာရှိတဲ့မိတ်ဆွေ/အမျိုး က အလုပ်ရှာပေးထားရင် ပွဲစားမလိုအပ်တော့ပါဘူး Visa Application ကို Thai Embassy (Yangon) မှာ လျှောက်လို့ရပါတယ်၊ Non immigrant Visa (Category "B") အတွက် feesက 40USD ပါ။ Non immigrant "B" visa လျှောက်ဖို့ လိုအပ်ချက်တွေကိုတော့ official siteမှာ ရေးထားတဲ့အတိုင်း ကူးပြီး ဘာသာပြန်ပေးထားပါတယ် ဗီဇာလျှောက်လွှာ  2.1   ရွှေ့ပြောင်းနေထိုင်သူမဟုတ်သော ဗီဇာအမျိုးအစား “B”  (စီးပွားရေးဗီဇာ)   ကို အလုပ်လု...

Dark Fiber ဆိုတာ ဘာလဲ။

Dark Fiber ဆိုတာ ဘာလဲ။                ခေါင်းစဉ်ရဲ့ ရည်ရွယ်ချက်က နုစဉ်အခါတုန်းက ရန်ကုန် to ပဲခူး နဲ့ ရန်ကုန် အတွင်း Fiber link တွေရချင်လို့ ဆရာသမားက MFOCN နဲ့ Eager မှာ quotation တောင်းခိုင်းတဲ့ အတွက် တောင်းခဲ့ဘူးပါတယ်။ ဟော Quotation လဲ ရပါရော ပြဿနာ ကစပြီ၊ ရချင်တာက Fiber 2 core၊ Quotation ထဲမှာ ရေးထားတာက Dark Fiber 2 core၊ နောက်ပြီး Micro Duct ပိုက်ကော ငှားတဲ့ လိုရတဲ့ ကြောင်း Quotation ထဲပါလာ လေရော။                          Dark fiber ဆိုတာ အမဲရောင် နောက်ဆုံးပေါ် Fiber လားပေါ့၊ Underground Micro Duct ပိုက် ဆိုတာ မြေအောက်ထဲက ပိုက်ဆိုတော့ ဘာလုပ်ရမှာလဲ ကိုယ်လိုချင်တဲ့ Fiber က ဘယ်နားမှာ ပါတုန်းပေါ့ အစသဖြင့်။ နဖူးပေါ် လက်တင်စဉ်းစား နေတာပေါ့။ ဆရာ Google မှာ ဖတ်တော့လဲ ရေးထားတာတွေက စုံလို့၊ ဆရာကို ပြန်မေးရအောင်လဲ ဆူမှာကြောက်၊ Eager တို့၊ MFOCN ပြန်ပြီး မေးရအောင်လဲ Fiber ဆရာကြီးရဲ့ အောက်မှာ အလုပ် လုပ်ပြီး ဒါပါ့ မသိရသလားဆိုပြီး အထင်သေးမှာလဲ စိုးတာပေါ့။        ...