Skip to main content

ကိုယ်ပိုင် Fiber network တွေ၊ ကိုယ်ပိုင် PoP တွေ တည်ဆောက်ဖို့ ရည်ရွယ်ရင်တော့ NFS (I) လိုင်စင်လျှောက်မှ အဆင်ပြေမှာပါ။

ဒီတခါကတော့ ကိုယ်ပိုင် Fiber network တွေ၊ ကိုယ်ပိုင် PoP တွေ တည်ဆောက်ဖို့ ရည်ရွယ်ရင်တော့ NFS (I) လိုင်စင်လျှောက်မှ အဆင်ပြေမှာပါ။ ၎င်းလိုင်စင်နဲ့ ဆိုရင် အတောင်ပံပါရင် မင်းဆီကို ဆိုတဲ့ သီချင်းအတိုင်း ကိုယ်ချစ်သူလေးရှိတဲ့ မြို့ရွာတင်မက၊ မြန်မာနိုင်ငံ တဝန်းလုံး ကိုယ်ပိုင် Network တည်ဆောက်ခွင့်ရမှာပါ။ 

ဒီနေရာ ပြောချင်တာ တစ်ခုရှိတယ်ဗျ၊ လိုင်စင်အရတည်ဆောက်ခွင့်ရှိပေမယ့် RoW လို့ခေါ်တဲ့ Right of way ဆိုတာကြီးရှိတယ်ဗျ။ ရန်ကုန်မှာ NFS (I) လိုင်စင်ကိုင်ပြီး MPT pole တိုင်ပေါ်မှာ ဆွဲဖို့ MPT, YCDC ရဲ့ ROW မရလို့ တိုင်ပါတ်နေတဲ့ လိုင်စင် Holder တွေ တပုံကြီးဗျ။ 

ROW owner တွေ ကို ခွဲခြမ်းစိတ်ဖြာ ကြည့်မယ်ဆိုရင်
        တယ်လီဖုန်းတိုင်တွေ ပိုင်တဲ့ MPT ROW owner
        မီးတိုင်တွေ ပိုင်တဲ့ EPC ROW owner
        မြို့တွေ ရွာတွေ ထဲမှာ U/G Cable ဆွဲဖို့ မြေတူးခွင့်ရရန်၊ တိုင်ထောင်ရန် မြေတွေကို ပိုင်တဲ့ စည်ပင်
        Highway လမ်းတလျှောက် Fiber တွေ ချခင်းပြီး Backbone fiber တည်ဆောက်ဖို့အတွက် ၎င်းတွေရဲ့ ပိုင်ရှင်ဖြစ်တဲ့ လမ်းတံတားဌာန
        သစ်တောတွေ ဖြတ်တန်း သွားဖို့ လိုရင်တော့ သစ်တောဌာန
        မြို့နယ် ပြည်နယ် အစိုးရ ရဲ့ ၎င်းနေရာတွင် လုပ်ဖို့အတွက် ခွင့်ပြမိန့်

                   အစုံပါဘဲ Fiber network တစ်ခုတည်ဆောက်ကြည့်မယ်ဆိုရင် လိုအပ်ချက်တွေ ဒီထက်မက ကြုံတွေလိမ့်မယ်။ ပိုင်ရှင် တွေများတော့ ခင်ဗျားကကော ဘယ်ပိုင်ရှင်ထဲ ပါသလဲဗျ။ ဒါမှမဟုတ်ရင်တော့ သီချင်းလေးအတိုင်း ဘဲ “ ပိုင်ရှင် မရှိသေးတဲ့ အချစ်လေးတွေ ပိုင်ရှင် တို့ဖြစ်လိုက်ချင်ပါတယ်” ။အဲဒီ ROW ပိုင်ရှင်တွေရဲ့ ခွင့်ပြုမိန့်တွေ လိုတယ်ဗျ။ မရရင်တော့လဲ စဉ်းစားပေါ့ဗျာ။ လိုလျှင်ကြံဆ နည်းလမ်းရ။ သာကော ***ရတယ် ဆိုတဲ့စကားလဲ ရှိတာဘဲ။
                   Data center အကြီးကြီးတွေ တည်တွေ တည်ဆောက်မယ်၊ ROW ခွင့်ပြချက်ကျလို့ Fiber network တွေလဲ တည်ဆောက်မယ် ပြီးရင် တော့ မိတ်ဆွေဘာလိုသေးလဲ FTTH service တွေ ပေးလို့ရပြီ၊ DIA လိုင်းတွေလဲ ပေးလို့ ပြီဗျ။ DIA နဲ့ FTTH ကြားမှာ Premium (or) business(or) gold service အစရှိတဲ့ နာမည်တွေတပ်ပြီး FTTH service ကိုလည်းရောင်းကြတယ်ဗျ။ ကွာခြားတာကတော့ ၎င်း customer အတွက် သီးသန့် Vlan ပေးပြီး အင်တာနက်ကို ဝန်ဆောင်မှုပေးတာပါ။ သာမန် FTTH ကတော့ Vlan တစ်ခု ကို customer တွေက Share သုံးတာပါ။  
ဆိုတော့ 
         1. သာမန် ဆိုရင်တော့ Physical အရကော (splitter နဲ့ ခွဲတာကို ဆိုလို) ၊ logical အရ Valn ကောပါ Share ပြီး ဝန်ဆောင်မှုပေးတာပါ
          2.နည်းနည်းထူးတဲ့ FTTH ဆိုရင်တော့ Physical အရ share သုံးပြီး၊ logical အရတော့ သီးသန့် Vlan ခွဲပြီး သုံးတာပါ။
ခင်ဗျားတို့ကော ဘယ်လို Share၊ ဘယ်လို ခွဲနေတာကို သုံးနေ၊ ပေးနေကြလဲ။ “ခွဲလိုခွဲ၊ Share လို share၊ တွဲ လိုတွဲ ဝန်ဆောင်မှုပေးနေကြတယ် အဲလိုဘဲ”
                    ကဲဒါဆိုရင် NFS(I) နဲ့ဆိုရင် ဘယ်လောက်ထိ လွင့်လို့ရသလဲဆိုတာ သိပြီးဆိုတော့ လိုင်စင်လျှောက်ဖို့အတွက် ဘယ်လောက် ကုန်ကျမလဲဆိုတာ သိဖို့လိုလာပြီ။ ခင်ဗျားတို့က ကိုင်းကြီးကြီး၊ ခွကောင်းကောင်း သစ်ပင်ပေါ် မှာ နားနေကြတဲ့ ရွှေဟင်္သာလေးတွေဆိုရင်တော့ အေးဆေးပေါ့။ ဘဝကို သိန်းတစ်သောင်းနဲ့ စတဲ့သူတွေ ဆိုလဲ စိတ်ကူးထဲ မထဲ့ဘူးပေါ့ဗျာ
          ၁. Paid up capital ဘဏ်ထဲမှာ ငွေပမာဏ သိန်း ၁၀၀၀ ရှိတယ်ဆိုတဲ certificate
          ၂.လိုင်စင်ကြေး က သိန်း ၅၀၀ ၊ 
          ၃. လျှေက်လွာကြေးက သိန်း၁၀၀ 
        ဆိုတော့ လိုင်စင်လျှောက်ဖို့ စုစုပေါင်း သိန်း ၁၆၀၀ လောက် လိုတယ်ဗျ၊ ဒါတောင် Data center တို့ Fiber network တို့မပါသေးဘူး ဗျ။ ကုန်ကျစရိတ်ကို ကြည့်ပြီး နောက်မတွန့်သွားနဲ့ အုံးဗျ။ အင်တာနက် ဝန်ဆောင်မှုပေးတဲ့ လုပ်ငန်းဆိုတာ စတင်တဲ့ အခါ ကုန်ကျစရိတ်များပြီး အချိန်ကြာလာနဲ့ အမျှ အမြတ်က ပိုမိုရတာ။ အင်တာနက်မသုံးဘဲ ဘယ်သူနေနိုင်လဲဗျ။ မေးခွန်းတစ်ခု အခုအခြေအနေမှာ အင်တာနက်ဝန်ဆောင်လုပ်ငန်းလုပ်လို့ ကောင်းမလားပေါ့၊ ကျွန်တော်ဖြေလိုက်တာက အခုအခြေအနေကျော်မှ လူတွေက အင်တာနက်သုံးမှာလားပေါ့၊ Demand တွေလဲ အများကြီးရှိတော့ လုပ်ပေါ့။ Risk ယူနိုင်မှ စီးပွားရေး လုပ်ငန်းလုပ်ပေါ့။ အောင်မြင်၊ ကြီးပွားတော့လဲ သူတို့တွေပေါ့။ Risk မယူနိုင်လို့ဘဲ ကျွန်တော်ဆိုရင် Company အလုပ် လုပ်နေတာပေါ့ဗျာ။
                     NFS(I) ကိုင်တဲ့သူတွေ တိုက်တွန်းချင်တာက ကိုယ်ပိုင် Fiber network တည်ဆောက်ကြဖို့ပါ။ ခင်ဗျားတို့ Port leasing အတွက် ပေးနေရတာ Dollar နဲ့ပါ ဒါကြောင့် သူတို့ရနေတဲ့ ပိုက်ဆံ ကပြောင်းလဲမှုမရှိပေမယ့် ခင်ဗျားတို့က Dollar နဲ့ ပေးနရတော့ နစ်နာတာပေါ့။ ခင်ဗျားတို့ Fiber network တည်ဆောက်ပြီးသွားရင်လဲ ခင်ဗျားတို့ ခံခဲ့ ရတာကို သင်ခန်းစာ ယူပြီး AS လိုင်စင်ကိုင်နေတဲ့ သူတွေ အဆင်ပြေအောင် လုပ်ပေးကြပါအုံး။ ရန်ကုန်နဲ့ မြို့ကြီးတွေမှာ တွေ့ရတာက NFS (I) ကိုင်လင့်သော်ငြားလဲ ၎င်းနယ်မှာ ရောက်နှင့်နေပြီးသားသူတွေဆီက ဌားသုံးတာ ဖြစ်ပါတယ်။ ဌားသုံးတာကို အပြစ်မပြောပါဘူး ကြိုဆိုပါတယ် မိမိဌားသုံးလို့ပေးလိုက်တဲ့ ပိုက်ဆံ က မြန်မာနိုင်ငံ အတွင်းမှာ လည်နေတာလား ဘယ်ရောက်သွားသလဲ ဆိုတာ သုံးသပ်ကြဖို့ပါ။ ပိုက်ပိုက်ရှိတဲ့ သူတွေ ရင်းနှီးမြှပ်နှံကြပါ ခင်ဗျ။ Dollar ဈေးတက်တော့ ဌားခပေးရတာ ဈေးကြီးသွားတဲ့ အတွက် Customer တွေ ကို ဈေးနှိမ့်တဲ့ Plan တွေ မရောင်းနိုင်တော့ဘူးပေါ့။ 
## နောက် Post တစ်ခုမှာတော့ NFS(I) လိုင်စင်ရှိတဲ့ သူတွေဆီကနေ လိုင်စင်ဌားပြီး Fiber network တည်ဆောက်မယ်၊ ပြီးရင် အင်တာဝန်ဆောင်မှု ပေးမယ်ဆိုရင် ဖြစ်လာနိုင်တဲ့ အကျိုး၊ အပြစ် ကို ဆွေးနွေးသွားမှာပါ။ လိုင်စင်ဌားလိုက်ပြီး မိမိရဲ့ ပိုက်ဆံ နဲ့ အကုန်ကျခံ တည်ဆောက်လိုက်တဲ့ Fiber network ကို တရားဝင် ပိုင်ဆိုင်သလားပေါ့။ 
ညီ အကို မောင်နှမတို့လဲ့ အောက် Memt သွားခြင်းဖြင့် လိုအပ်တာများကို Share သွားကြပါအုံး

Credit https://www.facebook.com/winhtunlynn/

Comments

Popular posts from this blog

mega quake not a lot of people know about that could happen

Let’s talk about a mega quake not a lot of people know about that could happen. We are talking about the Burma Plate or Burmese micro-plate. This is what caused the big 2004 quake and tsunami on the Southern side of the plate near Sumatra but there is another area of the subduction zone not a lot of people know.  I’m talking about the beautiful islands of Nicobar and Andaman Islands. An Indian Geologist has warned of this in our near future. The Burmese Micro-Plate is sandwiched between the India Plate  to the West and Sunda Plate to the East. One day that micro plate will be overran and crushed or it will have a subduction. When this occurs, it will be a mega quake  in the 8 or 9 magnitude range and there will be a devastating tsunami that will hit India, Bangladesh, Myanmar, Thailand and Indonesia head on. It’s going to happen just don’t know when. There are also volcanoes there that would compress and erupt as well. Just wanted to educate you on this one be...

ထိုင်းကို တရားဝင်သွားပြီး အလုပ်လုပ်ချင်ရင်

ထိုင်းကို တရားဝင်သွားလို့မရတာမဟုတ်ပါ၊ တရားဝင်သွားပြီး အလုပ်လုပ်ချင်ရင် ကုန်ကျစရိတ်အဆမတန်များနေတာပါ ကုန်ကျစရိတ်များအောင် ပွဲစားတွေကလုပ်တာပါ။  ပွဲစားခမပါ ထိုင်းအရောက် ကုန်ကျစရိတ်(average) တွက်ကြည့်မယ်ဆိုရင် လေယဉ်လက်မှတ်+Q+Visa fees ပဲ ရှိမယ်၊ totally 500USD လောက်ရှိမယ်၊ MOU စနစ်နဲ့ခေါ်ရင် ထိုင်းလုပ်ငန်းရှင်က အဲဒီကုန်ကျစရိတ်ကို စိုက်ထုတ်ပေးရပါတယ်။ အလုပ်သမားက လုပ်အားခထဲကပြန်ဖြတ်ခံရပါတယ်၊ အဲဒီအတွက်သတ်မှတ်ကာလပြည့်အောင်အလုပ်လုပ်ဖို့ ဝန်ခံစာချုပ်ချုပ်ဆိုရတာပါ။ ထိုင်းကအလုပ်ကို online က လှမ်းလျှောက်လို့ရရင်  (or) ထိုင်းမှာရှိတဲ့မိတ်ဆွေ/အမျိုး က အလုပ်ရှာပေးထားရင် ပွဲစားမလိုအပ်တော့ပါဘူး Visa Application ကို Thai Embassy (Yangon) မှာ လျှောက်လို့ရပါတယ်၊ Non immigrant Visa (Category "B") အတွက် feesက 40USD ပါ။ Non immigrant "B" visa လျှောက်ဖို့ လိုအပ်ချက်တွေကိုတော့ official siteမှာ ရေးထားတဲ့အတိုင်း ကူးပြီး ဘာသာပြန်ပေးထားပါတယ် ဗီဇာလျှောက်လွှာ  2.1   ရွှေ့ပြောင်းနေထိုင်သူမဟုတ်သော ဗီဇာအမျိုးအစား “B”  (စီးပွားရေးဗီဇာ)   ကို အလုပ်လု...

Dark Fiber ဆိုတာ ဘာလဲ။

Dark Fiber ဆိုတာ ဘာလဲ။                ခေါင်းစဉ်ရဲ့ ရည်ရွယ်ချက်က နုစဉ်အခါတုန်းက ရန်ကုန် to ပဲခူး နဲ့ ရန်ကုန် အတွင်း Fiber link တွေရချင်လို့ ဆရာသမားက MFOCN နဲ့ Eager မှာ quotation တောင်းခိုင်းတဲ့ အတွက် တောင်းခဲ့ဘူးပါတယ်။ ဟော Quotation လဲ ရပါရော ပြဿနာ ကစပြီ၊ ရချင်တာက Fiber 2 core၊ Quotation ထဲမှာ ရေးထားတာက Dark Fiber 2 core၊ နောက်ပြီး Micro Duct ပိုက်ကော ငှားတဲ့ လိုရတဲ့ ကြောင်း Quotation ထဲပါလာ လေရော။                          Dark fiber ဆိုတာ အမဲရောင် နောက်ဆုံးပေါ် Fiber လားပေါ့၊ Underground Micro Duct ပိုက် ဆိုတာ မြေအောက်ထဲက ပိုက်ဆိုတော့ ဘာလုပ်ရမှာလဲ ကိုယ်လိုချင်တဲ့ Fiber က ဘယ်နားမှာ ပါတုန်းပေါ့ အစသဖြင့်။ နဖူးပေါ် လက်တင်စဉ်းစား နေတာပေါ့။ ဆရာ Google မှာ ဖတ်တော့လဲ ရေးထားတာတွေက စုံလို့၊ ဆရာကို ပြန်မေးရအောင်လဲ ဆူမှာကြောက်၊ Eager တို့၊ MFOCN ပြန်ပြီး မေးရအောင်လဲ Fiber ဆရာကြီးရဲ့ အောက်မှာ အလုပ် လုပ်ပြီး ဒါပါ့ မသိရသလားဆိုပြီး အထင်သေးမှာလဲ စိုးတာပေါ့။        ...