Skip to main content

ညီအကို တစ်ယောက်ရဲ့ မေးခွန်းက Fiber Cable တွေဆွဲမယ်၊ DN box တွေ၊ SN Box တွေ ထိုင်မယ် ဒါတွေလုပ်ပြီး သွားရင် ဘယ်လိုမှတ်သားကြမလဲ၊ ဘယ်လို Software တွေ အသုံးပြုကြရင် ကောင်းမလဲလို့ မေးလာပါတယ်။

## ညီအကို တစ်ယောက်ရဲ့ မေးခွန်းက Fiber Cable တွေဆွဲမယ်၊ DN box တွေ၊ SN Box တွေ ထိုင်မယ် ဒါတွေလုပ်ပြီး သွားရင် ဘယ်လိုမှတ်သားကြမလဲ၊ ဘယ်လို Software တွေ အသုံးပြုကြရင် ကောင်းမလဲလို့ မေးလာပါတယ်။

                ပထမဦးဆုံးပြောချင် Engineer မှန်ရင် Document မလုပ်ချင်ဘူး၊ ဦးနှောက်ထဲမှာဘဲ မှတ်သားကြတယ်။ 10km distance ရှိတဲ့ Fiber cable ကို နေပူပူ မိုးရွာ ရွာ ဆွဲနိုင်တယ်၊ Document လုပ်လို့ပြောရင် တီကောင်ကို ဆားနဲ့ တို့သလိုဘဲ တွန့်ဆုတ်၊ တွန့်ဆုတ် မပြီးတော့ဘူး။
                 အဲဒါက Engineer တွေရဲ့ အားနည်းချက်ပါ။ မိမိရဲ့ ရည်မှန်းချက်ကဘာလဲ၊ မိမိက နောက် ၁၀ နှစ်နေရင် ဘာလုပ်ချင်သလဲပေါ်မူတည်ပါတယ်။ ကိုယ်က Field အလုပ် လုပ်နေရရင်ပျော်ပြီ၊ ရုံးအလုပ်ဆိုတာ နားပူတယ်၊ ဒါကြောင့် ကျော ပူတာဘဲ ခံလိုက်တော့မယ်ဆိုရင်တော့ တမျိုးပေါ့။
                  Field ထဲမှာ အခြေခံတွေ နားလည်အောင် နှစ်တချို့လုပ်ပြီး ရုံးပိုင်းဆိုင်ရာကို ပြောင်းသင့်ပါတယ် ဥပမာ Fiber Network Planning တို့ နဲ့ Fiber network construction Project ပိုင်းတွေကိုပေါ့။ ၎င်းအပိုင်းကို ပြောင်းရင်တော့ အရင်ဆုံး Drawing ကြည့်တတ်ရမယ်၊ Google earth ၊ Visio ၊ Microsoft Office တို့သုံးတတ်ကြမယ်။ ထို့အတူ Auto CAD လဲ သုံးတတ်မှ အဆင်ပြေမှာပါ။ အရေးကြီးဆုံးအချက်က ပြောတတ်၊ ဆိုတတ်၊ ပေါင်းသင်းတတ်ရမယ် လူကြီးနဲ့ နီးတော့ အစစ အရာရာ ပြောဆို ဆင်ချင်ရမယ်လေ။ ဖားတာ နဲ့ ပေါင်းသင်းတတ်တာက အများကြီးကွာပါတယ်။
                ဒီလို အရည်အချင်းတွေ သင့်မှာ ပြည့်စုံသွားရင် ရုံးမှာ နေရာ တစ်ခုရပြီး လစာလဲ Field Engineer လုပ်တုန်းက ထက်ကို ပိုပြီး ရကြလိမ့်မယ်။ မရရင်တော့လဲ ငိုပြပေါ့ တတ်နိုင်ဘူး ဆော် အမ်းဖို့အတွက် ပိုက်ဆံ လိုတယ်လေးနော့်။
                   Fiber network Planning လုပ်တဲ့အခါကြရင် မြန်မာနိုင်ငံမှာ အများစု နီပါးက Google earth software ကို အသုံးပြုကြတယ်။ အသုံးပြုတာ လွယ်၍တကြောင်း၊ Free ရလို့တကြောင်းပေါ့။ ၎င်း software ထဲမှာ Line တွေကို Fiber route အနေနဲ့ ဆွဲတာပေါ့။ DN, SN တွေကို point လေးတွေချပြီး ဆွဲကြပါတယ်။ Icon ပုံစံတွေ အမျိုးမျိုးရှိတော့။ DN ဆိုရင် တမျိုး၊ SN ဆိုရင် တဖုံ ပေါ့။ Fiber cable တွေကို လဲ color code ဆွဲကြတယ်။ Color code တွေက တော့ သတ်မှတ်ချက် မရှိပါဘူး Company တစ်ခု ကို တစ်မျိုး သုံးကြတယ်။ တချို့က Fiber color code အတိုင်း Google earth မှာ ဆွဲတဲ့ အခါ အရောင်တွေသုံးကြတယ်။ ကျွန်တော့်ရဲ့ Post တစ်ခုမှာ Fiber ရဲ့ 12 color code ကို ရှင်းပြပြီးသားပါ၊ မဖာတ်ရသေးရင်၊ မသိသေးရင်တော့ ကဲဆရာ မနှေးစွာနဲ့ ပြေးတာဖတ်ပြီး ဒီ Post ဆီကို ပြန်လာပေါ့။ Color code ရဲ့ အစဉ်အတိုင်း အပြာ အရောင် ကို 12 core fiber အနေဖြင်ဆွဲတယ်၊ လိမ်မော် ကို 24 core၊ စိမ်းကို 48 core ပေါ့ စသဖြင့် ဆွဲကြတယ်။ တချို့ Company တွေက GIS ဆိုတဲ့ Software ကို အသုံးပြုပြီး ဆွဲကြတယ်။ Google earth မှာ ဆွဲရခက်တဲ့ ဟာ GIS မှာဆွဲပြီး လုပ်ငန်းတွင်ကျယ်အောင် လုပ်ကြပါတယ်
                  ကဲ fiber တွေ၊ DN, SN တွေတော့ ဆွဲပြီးပြီ fiber core splicing လုပ်ထားတဲ့ Data ကို ဘယ်လိုမှတ်ကြမလဲပေါ့။ FTTH network တစ်ခုကို Design ဆွဲတဲ့ အခါ အဓိက ဖြစ်တဲ့ Core Plan ကို လွယ်ကူအောင် Design ဆွဲကြတယ်။ ဒါမှ Maintenance လုပ်တဲ့အခါ Splitter တွေ ထပ်တိုးတဲ့အခါ၊ လွယ်လွယ်ကူကူ တိုးလို့ရတယ်ပေါ့။ ဒါကြောင့်ဘဲ Document မလုပ်ဘဲ စိတ်ထဲမှာ မှတ်ပြီး ကိုင်ကြတာ။ Company ပေါ်မူတည်ပြီး အသုံးပြတဲ့ Software ကွဲပါတယ်။ Visio software သုံးပြီးဆွဲနိုင်သလို၊ Excel မှာလဲ Line တွေဆွဲပြီးသုံးကြတယ်၊ Auto CAD သုံးပြီးဆွဲရင်လဲ ပြေတာဘဲ မိမိအားသန်ရာပေါ့ဗျာ။ ခင်ဗျားတို့က ပြောလိမ့်မယ် အကိုရေ ကျွန်တော် အားသန်တာက *** ဆိုရင်တော့ မရဘူးပေါ့ဗျာ။ ဆွဲတာကတော့ Fiber core color code အတိုင်းဆွဲမယ် ပြီးရင် Splicing လုပ်တဲ့ အတိုင်းသေချာဆွဲပြီး Project ကို report တင်ပေါ့။ ခင်ဗျားတို့ဆီလဲ Core plan တွေ ကို အဲဒီ software တွေနဲ့ ဆွဲပြီး Data တွေ ကို ပေးပါလိမ့်မယ်။ မပေးရင်တော့ သူလဲ စိတ်မှန်း ကိုယ်လဲစိတ်မှန်း၊ မတတ်နိုင်ဘူး မှန်းမုတ်ကြတာပေါ့။ အမုတ်လွန်ပြီး လွင့်ထွက်သွားအုံးမယ် သတိထားကြအုံး။
                      Fiber network တည်ဆောက်တဲ့အခါ ကြရင် အရေးကြီးဆုံးက Labeling ဘဲ။ Labeling မကပ်ထားရင် ဘာနဲ့တူသလဲ ဆိုတော့ ကောက်ရိုးပုံထဲ အပ်ပျောက်ရှာသလိုဘဲ။ တံဆိပ်မကပ်ထားရင်တော့ ဘဲမရှိဆော်၊ ဆော်မရှိတဲ့ဘဲ လိုဘဲ မျက်စောင်းအထိုးခံရနိုင်တယ်။ Label မကပ်ထားလို့ Link မရှိဘူးထင်ပြီ Field Engineer က ဖြတ်လိုက်ရင်၊ ဖြုတ်လိုက်ရင်တော့ သွားတာဘဲ။ ဒါတွေက ကျွန်တော့်ဆရာ ပြောခဲ့တဲ့အတိုင်း နည်းနည်းချန်ပြီး ပြောတာပါ။ တခြားဟာတွေ မှားရင် သိပ်မဆူဘူး Label ကပ်တာလွဲမယ်၊ Label ကပ်ဖို့ မေ့ရင်တော့ ********။
ပြောရမှာများတော့ နောက်တပိုင်းတွေ့ကြတာပေါ့။ ခင်ဗျားတို့ ဘာ Software တွေသုံးပြီး မှတ်သားကြလဲ အောက်မှာ ment ခဲ့ကြပါအုံး။ အတွေ့အကြုံလေးကို share သွားခဲ့ပါအုံး။

----------------Ko Htun FTTH

Credit https://www.facebook.com/winhtunlynn/

Comments

Popular posts from this blog

mega quake not a lot of people know about that could happen

Let’s talk about a mega quake not a lot of people know about that could happen. We are talking about the Burma Plate or Burmese micro-plate. This is what caused the big 2004 quake and tsunami on the Southern side of the plate near Sumatra but there is another area of the subduction zone not a lot of people know.  I’m talking about the beautiful islands of Nicobar and Andaman Islands. An Indian Geologist has warned of this in our near future. The Burmese Micro-Plate is sandwiched between the India Plate  to the West and Sunda Plate to the East. One day that micro plate will be overran and crushed or it will have a subduction. When this occurs, it will be a mega quake  in the 8 or 9 magnitude range and there will be a devastating tsunami that will hit India, Bangladesh, Myanmar, Thailand and Indonesia head on. It’s going to happen just don’t know when. There are also volcanoes there that would compress and erupt as well. Just wanted to educate you on this one be...

ထိုင်းကို တရားဝင်သွားပြီး အလုပ်လုပ်ချင်ရင်

ထိုင်းကို တရားဝင်သွားလို့မရတာမဟုတ်ပါ၊ တရားဝင်သွားပြီး အလုပ်လုပ်ချင်ရင် ကုန်ကျစရိတ်အဆမတန်များနေတာပါ ကုန်ကျစရိတ်များအောင် ပွဲစားတွေကလုပ်တာပါ။  ပွဲစားခမပါ ထိုင်းအရောက် ကုန်ကျစရိတ်(average) တွက်ကြည့်မယ်ဆိုရင် လေယဉ်လက်မှတ်+Q+Visa fees ပဲ ရှိမယ်၊ totally 500USD လောက်ရှိမယ်၊ MOU စနစ်နဲ့ခေါ်ရင် ထိုင်းလုပ်ငန်းရှင်က အဲဒီကုန်ကျစရိတ်ကို စိုက်ထုတ်ပေးရပါတယ်။ အလုပ်သမားက လုပ်အားခထဲကပြန်ဖြတ်ခံရပါတယ်၊ အဲဒီအတွက်သတ်မှတ်ကာလပြည့်အောင်အလုပ်လုပ်ဖို့ ဝန်ခံစာချုပ်ချုပ်ဆိုရတာပါ။ ထိုင်းကအလုပ်ကို online က လှမ်းလျှောက်လို့ရရင်  (or) ထိုင်းမှာရှိတဲ့မိတ်ဆွေ/အမျိုး က အလုပ်ရှာပေးထားရင် ပွဲစားမလိုအပ်တော့ပါဘူး Visa Application ကို Thai Embassy (Yangon) မှာ လျှောက်လို့ရပါတယ်၊ Non immigrant Visa (Category "B") အတွက် feesက 40USD ပါ။ Non immigrant "B" visa လျှောက်ဖို့ လိုအပ်ချက်တွေကိုတော့ official siteမှာ ရေးထားတဲ့အတိုင်း ကူးပြီး ဘာသာပြန်ပေးထားပါတယ် ဗီဇာလျှောက်လွှာ  2.1   ရွှေ့ပြောင်းနေထိုင်သူမဟုတ်သော ဗီဇာအမျိုးအစား “B”  (စီးပွားရေးဗီဇာ)   ကို အလုပ်လု...

Dark Fiber ဆိုတာ ဘာလဲ။

Dark Fiber ဆိုတာ ဘာလဲ။                ခေါင်းစဉ်ရဲ့ ရည်ရွယ်ချက်က နုစဉ်အခါတုန်းက ရန်ကုန် to ပဲခူး နဲ့ ရန်ကုန် အတွင်း Fiber link တွေရချင်လို့ ဆရာသမားက MFOCN နဲ့ Eager မှာ quotation တောင်းခိုင်းတဲ့ အတွက် တောင်းခဲ့ဘူးပါတယ်။ ဟော Quotation လဲ ရပါရော ပြဿနာ ကစပြီ၊ ရချင်တာက Fiber 2 core၊ Quotation ထဲမှာ ရေးထားတာက Dark Fiber 2 core၊ နောက်ပြီး Micro Duct ပိုက်ကော ငှားတဲ့ လိုရတဲ့ ကြောင်း Quotation ထဲပါလာ လေရော။                          Dark fiber ဆိုတာ အမဲရောင် နောက်ဆုံးပေါ် Fiber လားပေါ့၊ Underground Micro Duct ပိုက် ဆိုတာ မြေအောက်ထဲက ပိုက်ဆိုတော့ ဘာလုပ်ရမှာလဲ ကိုယ်လိုချင်တဲ့ Fiber က ဘယ်နားမှာ ပါတုန်းပေါ့ အစသဖြင့်။ နဖူးပေါ် လက်တင်စဉ်းစား နေတာပေါ့။ ဆရာ Google မှာ ဖတ်တော့လဲ ရေးထားတာတွေက စုံလို့၊ ဆရာကို ပြန်မေးရအောင်လဲ ဆူမှာကြောက်၊ Eager တို့၊ MFOCN ပြန်ပြီး မေးရအောင်လဲ Fiber ဆရာကြီးရဲ့ အောက်မှာ အလုပ် လုပ်ပြီး ဒါပါ့ မသိရသလားဆိုပြီး အထင်သေးမှာလဲ စိုးတာပေါ့။        ...